YG နဲ့ SM တို့ရဲ့ collaboration ကို မြင်တွေ့သွားရဖွယ်ရှိ

YG မှ နဲ့ SM တို့ရဲ့ collaboration ကို မြင်တွေ့သွားရဖွယ်ရှိ

K-Pop လောကက အအောင်မြင်ဆုံး agency ကြီးတွေဖြစ်ကြတဲ့ YG Entertainment နဲ့ SM Entertainment တို့ရဲ့ ပေါင်းစည်းမှုကို မြင်တွေ့သွားချင်ပါသလား။

ဒါကြောင့် အကြီးမားဆုံး ဖျော်ဖြေရေးကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ YG နဲ့ SM တို့ဟာ ကြီးကျယ်ခမ်းနားတဲ့ ပရောဂျက်တစ်ခုအတွက် လက်ဆွဲနှုတ်ဆက်ရင် ဘာဖြစ်မလဲဆိုတာကို ပရိသတ်တွေက တွေးနေခဲ့ကြပြီဖြစ်ပြီး သံသယကင်းမဲ့ဖွယ် တုံ့ပြန်မှုတွေကလည်း ပေါက်ကွဲထွက်လာပါလိမ့်မယ်။

မကြာသေးမီက SM နဲ့ YG နှစ်ဖက် ပရိသတ်တွေဟာ အဆိုပါ ကုမ္ပဏီနှစ်ခုမှ တစ်ဦးချင်းစီဟာ ပုံမှန်ထက်ပို၍ ရုတ်ချည်း အပြန်အလှန် ဆက်ဆံနေကြကြောင်း အရိပ်အယောင်များ သတိပြုမိခဲ့ကြတာကြောင့် SM နဲ့ YG အကြား collaboration မျိုး ရှိမရှိနှင့်ပတ်သက်၍ ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့တာပါ။

ပထမဦးစွာ ဇူလိုင်လ ၁၁ ရက်နေ့မှာ BIGBANG အဖွဲ့ဝင် G-Dragon က SHINee’s Onew ရဲ့ တစ်ကိုယ်တော်သီချင်း “Dice” အကြောင်းကို သူ့ရဲ့ Instagram မှာ အန်စာတုံး ၂ လုံးနဲ့ Onew ရဲ့ လက်မှတ်ကို ဓာတ်ပုံနှင့်တကွ တင်ထားခဲ့တာပါ။

Onew နဲ့ G-Dragon တို့ဟာ အရင်က ထိတွေ့ဆက်ဆံမှု မရှိဖူးခဲ့ကြပါဘူး။ G-Dragon ဟာ YG က ဖြစ်ပြီး SM က Onew ရဲ့ အနုပညာကို လေးစားကြောင်း ပြသခဲ့တာလို့ ပရိသတ်တွေက ယုံကြည်ကြသလို G-Dragon ဟာလည်း သူနဲ့ Onew အကြား ဖြစ်နိုင်ချေရှိတဲ့ collaboration အတွက် သဲလွန်စပေးနေတယ်လို့ ပရိသတ်တချို့က ယုံကြည်နေပါတယ်။

YG ရဲ့ official Twitter အကောင့်ဟာလည်း SHINee’s Key နဲ့ Minho တို့အကြောင်း tweet တစ်ခုကို မကြာသေးမီကပဲ like ပေးခဲ့ပြီး SM ရဲ့ Spotify အကောင့်ကလည်း BLACKPINK ကို follow ထားခဲ့ပါတယ်။

ဒါတွေမကသေးပဲ SM ရဲ့ CEO ဖြစ်သူ Lee Sung Soo ဟာ YG အနုပညာရှင်များဖြစ်တဲ့ TREASURE, BLACKPINK နှင့် G-Dragon တို့ကို သူ့ရဲ့ personal Instagram နဲ့ follow ထားခဲ့ပါသေးတယ်။

ဒါတွေကို အခြေခံပြီး “Elvis” ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ပရောဂျက်တစ်ခုအတွက် SM နဲ့ YG တို့ ပူးပေါင်းလုပ်ဆောင်နိုင်ဖွယ်ရှိတယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။ မကြာသေးမီက G-Dragon ကလည်း BLACKPINK အဖွဲ့ဝင် Lisa, ဒါရိုက်တာ Baz Luhrmann တို့နှင့် တွေ့ဆုံခြင်းအကြောင်းကို ပို့စ်တင်ခဲ့တာပါ။

ဒါရိုက်တာဟာ Elvis Presley ရဲ့ “Can’t Help Falling In Love” သီချင်းကို K အနုပညာရှင်များအား cover ဆိုပေးရန် တောင်းဆိုရန် ၎င်း၏ အစီအစဉ်ကို မျှဝေခဲ့ဖူးသူပါ။ Baz ဟာ ဧပြီလမှာပဲ G-Dragon, Onew နှင့် အခြားသော အမျိုးသား idol အများအပြားရဲ့ စစ်မှုထမ်းကလအား Elvis Presley ရဲ့ စစ်မှုထမ်းကာလနဲ့ နှိုင်းယှဥ်ဖော်ပြခဲ့သူပါ။

တရားဝင် အတည်ပြုချက်မျိုး နှစ်ဖက်လုံးမှ မထုတ်ပြန်ခဲ့ရသေးပေမယ့် SM နဲ့ YG တို့ရဲ့ ဖြစ်နိုင်ဖွယ် ပူးပေါင်းဆောင်ရွက်မှုအတွက်ကိုတော့ ပရိသတ်တွေက စိတ်လှုပ်ရှားနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *