ကိုယ်ဝန်ဆောင်ထားရပေမဲ့ ခင်ပွန်းဖြစ်သူကို အရသာရှိတာတွေ ချက်ကျွေးနေဆဲဖြစ်တဲ့ Son Ye Jin

ကိုယ်ဝန်ဆောင်ထားရပေမဲ့ ခင်ပွန်းဖြစ်သူကို အရသာရှိတာတွေ ချက်ကျွေးနေဆဲဖြစ်တဲ့ Son Ye Jin

မင်းသား Hyun Bin နဲ့ မင်းသမီး Son Yejin တို့ဟာ ၂ နှစ်ကျော်ကြာ လက်တွဲခဲ့ပြီးနောက် မတ်လ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်မှာပဲ မင်္ဂလာပွဲကျင်းပရင်း ဇနီးမောင်နှံတွေအဖြစ် တရားဝင် ပြောင်းလဲလိုက်ကြပြီး ပရိသတ်များစွာကို ပျော်ရွှင်စေခဲ့ကြပါတယ်။

သူတို့ရဲ့ မင်္ဂလာပွဲကို ဆိုးလ်မြို့က နာမည်ကြီး ဟိုတယ်တစ်ခုမှာ ကျင်းပခဲ့ပြီး နာမည်ကြီး မင်းသား၊ မင်းသမီးနဲ့ သရုပ်ဆောင်များစွာ တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။

ဒါ့အပြင် လက်ထပ်ပြီး နှစ်ပတ်လောက်အကြာမှာတော့ သူတို့စုံတွဲဟာ အမေရိကန်ပြည်ထောင်စုဆီသို့ ချိုမြိန်တဲ့ ပျားရည်ဆမ်းခရီးစဥ် ထွက်သွားခဲ့ပါတယ်။

အိမ်ထောင်သက် ၃ လကျော် အကြာ လတ်တလောမှာပဲ BinJin စုံတွဲဟာ ရင်သွေးဦးလေး ရောက်လာတော့မယ်ဆိုတဲ့ သတင်းနဲ့ အနုပညာရှင်တွေရော ပရိသတ်တွေပါ ပျော်ရွှင်စေခဲ့တာ ဖြစ်ပါတယ်။

Son Ye Jin ရဲ့ ပထမဆုံး ကိုယ်ဝန်ကိုကြည့်ရင် အသက် ၄၀ အရွယ် ရှိပေမဲ့ သူမဟာ တကယ်ကို ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး သူမကိုယ်တိုင်လည်း ဂရုစိုက်ခဲ့တာကြောင့် အခုချိန်ထိတိုင် ကိုယ်အလေးချိန် မတက်ခဲ့သလို အလှမပျက်သေးသူ ထိပ်တန်းမင်းသမီးတစ်လက်ပါ။

ဒါ့အပြင် Ye Jin ဟာ သူမရဲ့ ဇနီးတာဝန်ကိုလည်း ကျေပွန်လွန်းနေတဲ့ အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်လို့နေပြန်ပါတယ်။ မကြာသေးမီကပဲ သူမရဲ့ IG မှာ အစားအသောက်ဓာတ်ပုံတွေ အများကြီးတင််ထားခဲ့တာပါ။

ဟင်းပွဲအသစ်တွေ အများကြီးကို စမ်းချက်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိတယ်လို့ Ye Jin က ဆိုပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ ဇနီးအဖြစ်နဲ့ တာဝန်ကျေပုံနဲ့ ခန္ဓာကိုယ် ထိန်းသိမ်းထားနိုင်မှုတွေကို ချီးကျူးနေကြပြီး မမွေးသေးတဲ့ ကလေးရော မိခင်ရော ကျန်းမာပါစေလို့ ဆုတောင်းပေးထားကြပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *