Radio DJ အဖြစ် ပွဲထွက်သက်တမ်း ၁ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပရိသတ်တွေအတွက် အမှတ်တရလက်ဆောင်တွေစီစဉ်ပေးခဲ့တဲ့ Red Velvet အဖွဲ့ဝင် Wendy

Red Velvet ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Wendy ဟာဆိုရင် သူမအနေနဲ့ Radio DJ အဖြစ် ပွဲထွက်ခဲ့တာ ၁ နှစ်ပြည့်မြောက်တဲ့အထိမ်းအမှတ်အနေနဲ့ ဇူလိုင်လ ၁၂ ရက်နေ့တုန်းက သူမရဲ့ ရေဒီယိုအစီအစဉ်ဖြစ်တဲ့ ‘Youngstreet Radio’ ကိုသွားတဲ့လမ်းမှာ ပရိသတ်တွေနဲ့အတူ ဂုဏ်ပြုပွဲလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။

အဲဒီနေ့တုန်းကဆိုရင် ပရိသတ်တွေက သူမအတွက် ကိတ်မုန့်တစ်လုံးဝယ်ယူကာ ဂုဏ်ပြုပေးခဲ့တာဖြစ်ပြီး Wendy ကလည်း အဆိုပါပရိသတ်တွေအတွက် ဆန်ကိတ်အထုပ်လေးတွေကို လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ကိုရီးယားလူမျိုးတွေရဲ့ရိုးရာထုံးတမ်းစဉ်လာမှာ တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ကြောင်းဖော်ပြတဲ့အခါမျိုးတွေမှာ ဆန်ကိတ်ကို လက်ဆောင်အဖြစ်ပေးလေ့ရှိကြတာကြောင့် Wendy ကလည်း သူမရဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ဒီလိုချစ်စရာကောင်းတဲ့နည်းလမ်းလေးနဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ Wendy ရဲ့နွေးထွေးဖော်ရွေပြီး ချစ်စရာကောင်းလွန်းတဲ့အမူအကျင့်တို့ကို ချီးကျူးစကားပြောထားကြပြီး သူမကို ချစ်တဲ့သူတွေအပေါ်မှာ အလေးအနက်ထားလွန်းတဲ့ပုံစံလေးကိုလည်း ချစ်ပြီးရင်း အချစ်ပိုလျက်ရှိနေကြတာကို တွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *