Jisoo နဲ့ Lisa တို့အပေါ်မှာ မသုံးနှုန်းသင့်တဲ့စကားလုံးတွေနဲ့ သုံးနှုန်းခဲ့တာနဲ့ပတ်သက်လို့ တောင်းပန်စာထုတ်ပြန်လာတဲ့ ‘Rolling Stone Korea’

နာမည်ကြီးမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ ‘Rolling Stone Korea’ ဟာဆိုရင် ထိပ်တန်းအမျိုးသမီး Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK မှ Jisoo နဲ့ Lisa တို့အကြောင်းကို ဖော်ပြရေးသားရာမှာ တချို့သောစကားလုံးအသုံးအနှုန်းတွေက Idol နှစ်ယောက်ရဲ့ နာမည်ဂုဏ်သတင်းကို ထိပါးစော်ကားတဲ့အသွင်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဆိုးဒေါသထွက်မှုနဲ့ ဝေဖန်အပြစ်တင်မှုတို့ကို ပြင်းထန်စွာရရှိခဲ့ပါတယ်။

အဲဒီလိုအပြစ်တင်ဝေဖန်မှုရရှိခဲ့ပြီးနောက်မှာတော့ အဆိုပါမဂ္ဂဇင်းဟာ သူတို့ရဲ့ပေါ့ဆမှုတွေအတွက် တောင်းပန်ကြောင်းစာကို အင်စတာဂရမ်စတိုရီကနေဖော်ပြခဲ့ပါတယ်။

ယင်းတောင်းပန်စာထဲမှာတော့ “လတ်တလောထွက်ရှိထားတဲ့ BLACKPINK ရဲ့ ကော်လံနဲ့ပတ်သက်ပြီးရရှိလာတဲ့ ဝေဖန်ချက်တွေအကုန်လုံးကို ကျွန်တော်တို့ဘက်က နားထောင်ဖတ်ရှုခဲ့ပြီးပါပြီ … ဒီကော်လံထဲမှာ နားလည်မှုလွဲမှားစေနိုင်တဲ့ မသင့်လျော်သောအသုံးအနှုန်းစကားလုံးတွေကို ရွေးချယ်အသုံးပြုမိခဲ့ကြောင်းကိုလည်း ဝန်ခံပါတယ်”

“ပြန်လည်မွမ်းမံပြင်ဆင်ထားတဲ့ ကာလံကိုတော့ လာမယ့်အပတ်ထဲမှာ ဒုတိယအကြိမ်ပြန်လည်ထုတ်ဝေပေးသွားပါ့မယ် … ပြန်ပြင်ထားတဲ့ အဲဒီကော်လံကိုလည်း ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာမှာ ဖော်ပြပေးသွားမှာပါ”

“ဒီလိုစိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ကိစ္စရပ်တွေဖြစ်ပေါ်လာရတဲ့အတွက် အနုပညာရှင်တွေကိုလည်း တကယ်တောင်းပန်ပါတယ် … နားလည်ပေးပါလို့ တောင်းဆိုပါရစေ …. ကျေးဇူးတင်ပါတယ်ခင်ဗျာ” လို့ဆိုကာ ရေးသားထားတာကို တွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *