‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲနဲ့ ပိုမိုအောင်မြင်လာခဲ့ပြီးနောက် ကြော်ငြာကြေးနှစ်ဆမြင့်တက်လာတဲ့ Park Eun Bin

လတ်တလောထုတ်လွှင့်ပြသလျက်ရှိနေတဲ့ ‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲထဲက အဓိကဇာတ်ဆောင်မင်းသမီးဖြစ်သူ Park Eun Bin ဟာဆိုရင် အဆိုပါဇာတ်လမ်းတွဲနဲ့ ပိုမိုလူသိများအောင်မြင်လာခဲ့ပြီးနောက်မှာတော့ သူမရဲ့ ကြော်ငြာကြေးပမာဏက ၂ ဆခန့် မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့တုန်းကထွက်ရှိလာတဲ့သတင်းတွေအရဆိုရင် သူမရဲ့ကြော်ငြာမော်လ်ဒယ်ကြေးပမာဏဟာ ယခင်တုန်းက ဝမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၁၅၂၈၀၀) သာရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ ဝမ် သန်း ၄၀၀ (အမေရိကန်ဒေါ်လာ ၃၀၅၆၀၀) အထိမြင့်တက်သွားခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ Park Eun Bin ကိုကြော်ငြာမော်လ်ဒယ်အဖြစ် ငှားရမ်းထားကြတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကတော့ KGC Ginseng Corporation, Korea Housing Finance Corporation, ‘Tissot’ ဖက်ရှင်အမှတ်တံဆိပ်နာရီတို့ဖြစ်ကြပြီး သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှလည်း နေ့စဉ်အသိပေးကြေညာသူအဖြစ် သူမကို ခန့်အပ်ထားပါသေးတယ်။

ဒါ့အပြင် တခြားသောကုန်ပစ္စည်းအမှတ်တံဆိပ်တွေကလည်း သူမကို သူတို့ရဲ့မော်လ်ဒယ်အဖြစ် ရွေးချယ်ခန့်အပ်ဖို့အတွက် အစီအစဉ်ရှိနေပြီး ဒီလိုခန့်အပ်ကြရတဲ့အကြောင်းအရင်းကတော့ သူမရဲ့ ချစ်စရာကောင်းပြီး တက်ကြွတဲ့ဟန်ပန်အမူအရာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

Park Eun Bin ဟာဆိုရင် အနုပညာလောကထဲကို ကလေးသရုပ်ဆောင်အဖြစ် ၁၉၉၈ ခုနှစ်ကတည်းက စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ကတော့ ၂၀၁၂ ခုနှစ်ကရိုက်ကူးပြသခဲ့တဲ့ Operation Proposal ဇာတ်လမ်းတွဲမှာစတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ Hello, My Twenties!, Hot Stove League, Do You Like Brahms အစရှိတဲ့ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ကာ ၂၀၂၁ ခုနှစ်တုန်းကပြသခဲ့တဲ့ The King’s Affection ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေရဲ့အသိအမှတ်ပြုအားပေးမှုကို တစ်ခဲနက်ရရှိခဲ့တဲ့ဇာတ်ကားဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.