အောင်မြင်ကျော်ကြားမှုကြောင့် ဘာသာစကား ၃၁ မျိုးနဲ့ ဘာသာပြန်တင်ဆက်သွားတော့မယ့် “Extraordinary Attorney Woo”

Netflix ကနေ ရိုက်ကူးထားပြီး အပတ်စဥ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ENA channel ကနေ ထုတ်လွှင့်ပြသနေတဲ့ “Extraordinary Attorney Woo Drama” ဟာ အပိုင်း လေးပိုင်းသာ ပြသရသေးပေမယ့် အခုဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ သတင်း channel တိုင်းလိုလိုမှာ ဖော်ပြခြင်းခံနေခဲ့ရပါပြီ။

အခုလို တစ်ဟုန်ထိုး ကျော်ကြားလာခဲ့တာကြောင့် ဒီဇာတ်လမ်းတွဲကို ဘာသာစကားပေါင်း (၃၁) မျိုးနဲ့ ဘာသာပြန်ပြီး တိုးချဲ့ တင်ဆက်ပေးသွားတော့မှာဖြစ်ပြီး European နဲ့ South American Language တွေပါ ပါဝင် ထည့်သွင်းသွားဦးမယ်လို့ သိရပါတယ်။

“Extraordinary Attorney Woo” က Autism Spectrum Disorder (ASD) ဖြစ်နေတဲ့ ရှေ့နေမလေး အကြောင်းကိုရိုက်ကူးထားတာဖြစ်ပြီး သူ့ရဲ့စိတ်ကူးစိတ်သန်း ကောင်းပုံတွေ၊ စိတ်ခံစားချက် ပြောင်းလဲပုံတွေနဲ့ လူမှုဆက်ဆံရေးမှာတော့ အားနည်းနေတဲ့အကြောင်းကို ရိုက်ကူးတင်ဆင်ထားတာပါ။

Rating ပိုင်းကိုကြည့်မယ်ဆိုရင်လည်း ဒီဇာတ်လမ်းတွဲလေးဟာ ပထမအပါတ်ကပြတဲ့ အပိုင်း ၁ မှာ 1 % တောင် မပြည့်ခဲ့ပေမယ့် ဒုတိယအပါတ်ပြတဲ့ အပိုင်း ၄ မှာဆို ရင် 5% ထိ ရအောင် လုပ်နိုင်ခဲ့ပါတယ်။

Netflix ရဲ့ တစ်ပတ်အတွင်း (ဇူလိုင် ၄ ရက်-၁၀ ရက်) မှာ ကြည့်ရှုသူအများဆုံး Non-English ဇာတ်လမ်းတွဲ စာရင်းမှာလည်း ကြည့်ရှု့တဲ့ နာရီပေါင်း 23.95 millions နာရီနဲ့ နံပါတ်တစ်ချိတ်ထားခဲ့ပါသေးတယ်။

ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း တစ်ပတ်အတွင်း ရှာဖွေမှုအများဆုံး Top (10) ထဲမှာပါခဲ့သလို Drama ကော ခေါင်းဆောင်းမင်းသမီး Park Eun Bin ပါ နံပါတ်တစ် ရရှိထားခဲ့ပြီး တစ်ဟုန်ထိုး အောင်မြင်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။

အောင်မြင်ကျော်ကြားမှုကြောင့် ဘာသာစကား ၃၁ မျိုးနဲ့ ဘာသာပြန်တင်ဆက်သွားတော့မယ့် “Extraordinary Attorney Woo”

Netflix ကနေ ရိုက်ကူးထားပြီး
အပတ်စဥ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ENA channel ကနေ ထုတ်လွှင့်ပြသနေတဲ့ “Extraordinary Attorney Woo Drama” ဟာ အပိုင်း လေးပိုင်းသာ ပြသရသေးပေမယ့် အခုဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ သတင်း channel တိုင်းလိုလိုမှာ
ဖော်ပြခြင်းခံနေခဲ့ရပါပြီ။

အခုလို တစ်ဟုန်ထိုး ကျော်ကြားလာခဲ့တာကြောင့် ဒီဇာတ်လမ်းတွဲကို ဘာသာစကားပေါင်း (၃၁) မျိုးနဲ့ ဘာသာပြန်ပြီး တိုးချဲ့ တင်ဆက်ပေးသွားတော့မှာဖြစ်ပြီး European နဲ့ South American Language တွေပါ ပါဝင် ထည့်သွင်းသွားဦးမယ်လို့ သိရပါတယ်။

“Extraordinary Attorney Woo” က Autism Spectrum Disorder (ASD) ဖြစ်နေတဲ့ ရှေ့နေမလေး အကြောင်းကိုရိုက်ကူးထားတာဖြစ်ပြီး သူ့ရဲ့စိတ်ကူးစိတ်သန်း ကောင်းပုံတွေ၊ စိတ်ခံစားချက် ပြောင်းလဲပုံတွေနဲ့ လူမှုဆက်ဆံရေးမှာတော့ အားနည်းနေတဲ့အကြောင်းကို ရိုက်ကူးတင်ဆင်ထားတာပါ။

Rating ပိုင်းကိုကြည့်မယ်ဆိုရင်လည်း ဒီဇာတ်လမ်းတွဲလေးဟာ ပထမအပါတ်ကပြတဲ့ အပိုင်း ၁ မှာ 1 % တောင် မပြည့်ခဲ့ပေမယ့် ဒုတိယအပါတ်ပြတဲ့ အပိုင်း ၄ မှာဆို ရင် 5% ထိ ရအောင် လုပ်နိုင်ခဲ့ပါတယ်။

Netflix ရဲ့ တစ်ပတ်အတွင်း (ဇူလိုင် ၄ ရက်-၁၀ ရက်) မှာ ကြည့်ရှုသူအများဆုံး Non-English ဇာတ်လမ်းတွဲ စာရင်းမှာလည်း ကြည့်ရှု့တဲ့ နာရီပေါင်း 23.95 millions နာရီနဲ့ နံပါတ်တစ်ချိတ်ထားခဲ့ပါသေးတယ်။

ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း တစ်ပတ်အတွင်း ရှာဖွေမှုအများဆုံး Top (10) ထဲမှာပါခဲ့သလို Drama ကော ခေါင်းဆောင်းမင်းသမီး Park Eun Bin ပါ နံပါတ်တစ် ရရှိထားခဲ့ပြီး တစ်ဟုန်ထိုး အောင်မြင်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.