HyunA နဲ့ လက်ထပ်ချင်ရင် နောက်တစ်ပတ်ထဲမှာတောင် ချက်ချင်းလက်ထပ်လို့ရကြောင်းပြောလာတဲ့ DAWN

အချစ်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး သိုသိုသိပ်သိပ်သာနေထိုင်လေ့ရှိတဲ့ ကိုရီးယားဖျော်ဖြေရေးလောကမှာ DAWN နဲ့ HyunA တို့ချစ်သူနှစ်ယောက်ကတော့ သူတို့ရဲ့အချစ်ရေးကိစ္စအကြောင်းအရာတွေ အကုန်လုံးကို ပရိသတ်တွေဆီ ပွင့်ပွင့်လင်းလင်းအသိပေးထားကြသူတွေဖြစ်ပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ မနေ့တုန်းက MBC ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသခဲ့တဲ့ Radio Star အစီအစဉ်မှာဆိုရင်လည်း DAWN ဟာ ချစ်သူ HyunA နဲ့ လက်ထပ်မယ့်အစီအစဉ်အကြောင်းနဲ့ပတ်သက်ပြီး အသိပေးဖွင့်ဟသွားခဲ့တာကို တွေ့ရပါတယ်။

သူတို့နှစ်ယောက်ဟာ စေ့စပ်ပြီးကြပြီဖြစ်ကြောင်းကို အတိအလင်းကြေညာထားကြသူတွေဖြစ်တာကြောင့် အစီအစဉ်တင်ဆက်သူက လက်ထပ်ဖို့အစီအစဉ်နဲ့ပတ်သက်ပြီးမေးခဲ့ရာမှာတော့ DAWN က “ကျွန်တော်တို့တွေ ရက်ကိုတော့ အတိအကျမသတ်မှတ်ရသေးပေမယ့် လက်ထပ်ဖို့အတွက်က အမြဲတမ်းနှလုံးသားထဲမှာရှိနေပါတယ် … ကျွန်တော်တို့ရဲ့နေထိုင်မှုပုံစံမျိုးနဲ့သာဆို လက်ထပ်ချင်ရင်လည်း နောက်တစ်ပတ်ထဲမှာတောင် ချက်ချင်းလက်ထပ်လိုက်လို့ရတယ်ဗျ” လို့ဆိုကာ ဖြေကြားသွားခဲ့ပါတယ်။

HyunA နဲ့ DAWN တို့ဟာ ၂၀၁၆ ခုနှစ် မေလကတည်းက ချစ်သူတွေအဖြစ်ကိုရောက်ရှိခဲ့ကြတာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့မှာတော့ သူတို့နှစ်ဦးရဲ့အချစ်ရေးအကြောင်းကို အတိအလင်းထုတ်ဖော်ခဲ့ကြပါတယ်။

အဲဒီနောက် ချစ်သူသက်တမ် ၆ နှစ်ပြည့်ခါနီးအချိန်မှာ DAWN မှ HyunA ကို လက်ထပ်ခွင့်တောင်းခဲ့ပြီး သူတို့နှစ်ယောက်‌ယောက်စေ့စပ်လိုက်ကြပြီဖြစ်ကြောင်းကိုတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေကနေတစ်ဆင့် အသိပေးကြေညာခဲ့ကြတာဖြစ်ပါတယ်။

Ref : Allkpop
Nemo

Leave a Reply

Your email address will not be published. Required fields are marked *