Alek, Great, Boy တို့ အုပ်စုနဲ့ ၄ နှစ်ကျော် ကွဲကွာနေရတဲ့အကြောင်းကို ပြောပြလာခဲ့တဲ့ James Jirayu

အရင်တုန်းက ထိုင်း Channel 3 ရဲ့ ထိပ်တန်း မင်းသားတွေဖြစ်ကြတဲ့ Boy Pakorn, Alek Teeradetch, Great Warintorn, Peck Premmanat နဲ့ James Jirayu တို့ဟာ Youtube မှာ အပန်းဖြေ show လေးတစ်ခု ပူးတွဲထုတ်လုပ်ခဲ့သော်လည်း နောက်ပိုင်းမှာတော့ ရပ်တန့်သွားခဲ့ရပါတယ်။

ဒီပရိုဂရမ် ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ရတဲ့ အကြောင်းရင်းအား အမျိုးသား ကြယ်ပွင့်ငါးဦးက အကြောင်းပြချက် ရှင်းရှင်းလင်းလင်း ထုတ်ပြဖို့ ဖြေရှင်းခဲ့ပုံ မပေါ်ပါဘူး။

၄ နှစ် ကြာသွားခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ မင်းသား Jame Jirayu က ဆိုင်းငံ့ထားရတဲ့ အကြောင်းရင်းကို အခုလို ထုတ်ဖော်ပြောကြားသွားခဲ့ပါတော့တယ်။

အင်တာဗျူးတစ်ခုမှာ Jame Jirayu က “ကျွန်တော်တို့ show ကို ဆိုင်းငံ့ထားရတဲ့ အကြောင်းရင်းကတော့ ကျွန်တော့်ကြောင့်ပါပဲ။ ကျွန်တော့် အချိန်မလုံလောက်လို့ဖြစ်ပြီး ဒီလိုနားထားတာကလည်း ယာယီပါပဲ။”

“တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ က ဒုတိယ season အဖြစ်နဲ့ နောက်တစ်ကြိမ် အလုပ်ပြန်လုပ်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ပရိသတ်တွေကလည်း အရင်ကလိုမျိုး ဆက်ပြီး အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ပရိသတ်တွေကလည်း မင်းသား James Jirayu နဲ့ သူ့သူငယ်ချင်း အဖွဲ့တို့ရဲ့ လှုပ်ရှားမှုတွေကို အမြဲမျက်ခြေမပြတ် စိတ်ဝင်စားနေကြလျက်ရှိပြီး သူတို့အုပ်စုနဲ့လည်း မကြာခဏ အချိန်အတူတူဖြုန်းပေးဖို့ Jj လေးကို ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

Leave a Reply

Your email address will not be published.