လည်ချောင်းကင်ဆာကြောင့် ရိုက်ကူးရေးမှာ ဝမ်းနည်းခန်းတွေ ပီပြင်ခဲ့တယ်ဆိုတဲ့ Kim Woo Bin

လည်ချောင်းကင်ဆာကြောင့် ရိုက်ကူးရေးမှာ ဝမ်းနည်းခန်းတွေ ပီပြင်ခဲ့တယ်ဆိုတဲ့ Kim Woo Bin

မင်းသား Kim Woo Bin ရဲ့ profile ကို Wikipedia မှာ ကြည့်ရင်တော့ ထူးခြားချက်ကို တွေ့နိုင်ပါတယ်။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေရဲ့ အသေးစိတ် အချက်အလက်တွေကို ဂရုစိုက်ပြီး ကြည့်ကြည့်ပါ။

Kim Woo Bin ဟာ မူလက မော်ဒယ်တစ်ဦးအဖြစ်နဲ့ အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့ပြီး ၂၀၁၃ ခုနှစ်ကနေ တဖြည်းဖြည်းနဲ့ နာမည်ရလာခဲ့ကာ ၂၀၁၆ ခုနှစ်မှာတော့ “Uncontrollably Fond” မှာ ပထမဆုံး ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ပါတယ်။

သို့ပေမဲ့ ကံဆိုးစွာနဲ့ပဲ မင်းသားကတော့ လည်ချောင်းကင်ဆာရောဂါကို ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် အစောပိုင်းကတည်းက လုပ်လက်စ အနုပညာအလုပ်တွေ အပါအဝင် အရာအားလုံးနီးပါး ရပ်ဆိုင်းသွားခဲ့ရပါတော့တယ်။

ထိုအချိန်မှာ Kim Woo Bin က ဆေးကုသမှုကို အာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး အနုပညာ လှုပ်ရှားမှုအားလုံးကို ခေတ္တရပ်တန့်ခဲ့သလို ဆိုရှယ်မီဒီယာပေါ်မှာလည်း ဓာတ်ပုံလေးတစ်ပုံတောင် မတွေ့ရှိရတော့ပဲ ပရိသတ်တွေမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။

အဲ့လိုနဲ့ ၅ နှစ်အကြာ ၂၀၂၂ ကို အရောက်မှာတော့ Kim Woo Bin ဟာ အနုပညာလောကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ပြန်လည်ရောက်ရှိလာအပြီးမှာပဲ ဇာတ်လမ်းတွဲတစ်ခုနဲ့ ရုပ်ရှင်တစ်ကားမှာ ပါဝင်ပေးဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။

သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွဲလေးဖြစ်တဲ့ “Our Blues” ကတော့ Netlix ကနေ ထွက်ရှိလာခဲ့ပြီဖြစ်ပြီး ရုပ်ရှင်ဖြစ်တဲ့ “Alienoid” ဟာလည်းပဲ ဇူလိုင်လ ၂၀ ရက်နေ့မှာ ရုံတင်ပြီး ထွက်ရှိလို့လာတော့မှာဖြစ်ပါတယ်။

Kim Woo Bin ပြန်လာတာနဲ့ ပတ်သက်ပြီး Esquire Korea နဲ့ အင်တာဗျူးမှာ မင်းသားက “လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျွန်တော့်ဘဝရဲ့ ငရဲကျနေချိန်ပါပဲ။ ရောဂါကြောင့် နေ့ပေါင်းညများစွာ ဝမ်းနည်းပူဆွေးခဲ့ရတယ်”

“ပရိသတ်တွေကိုလည်း အချိန်အကြာကြီး မဖျော်ဖြေခဲ့ရလို့ အရမ်းစိုးရိမ်ခဲ့ရပေမယ့် သရုပ်ဆောင်ဘက်ကို ပြန်လာနိုင်ခဲ့ပြီးမှာတော့ ကျွန်တော် သဘောပေါက်သွားခဲ့ပါတယ်။ ဝမ်းနည်းခန်းတွေ ရိုက်ကူးတဲ့အခါ လွန်ခဲ့တဲ့ နှစ်တွေကို ပြန်စိတ်ကူးလိုက်တယ်။ အဲ့အခါကျ ပိုပြီးငိုနိုင်သွားတယ်” လို့ ဆိုသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published.