အနုပညာနယ်ပယ်ထဲမှ အနားယူမယ်ဆိုတဲ့အစီအစဉ်ကိုဖျက်သိမ်းပြီး အေဂျင်စီအသစ်နဲ့ လက်တွဲလိုက်ပြီဖြစ်တဲ့ AOA အဖွဲ့ဝင်ဟောင်း Shin Jimin

ဒီနေ့ ဇူလိုင်လ ၁၄ ရက်နေ့မှာထွက်ရှိလာတဲ့သတင်းတစ်ခုကတော့ ပြီးခဲ့တဲ့နှစ်တွေတုန်းက အနုပညာလောကမှ အနားယူမယ်ဆိုတဲ့အကြောင်း တရားဝင်ကြေညာခဲ့တဲ့ AOA အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်သူ Shin Jimin ဟာဆိုရင် သူမရဲ့မူလဆုံးဖြတ်ချက်ကိုပြောင်းလဲပြီး Alomalo Entertainment နဲ့ စာချုပ်ချုပ်ဆိုကာ လက်တွဲလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို Shin Jimin က အဆိုပါအေဂျင်စီကနေတစ်ဆင့်အသိပေးကြေညာခဲ့တာဖြစ်ပြီး ယင်းကြေညာချက်ထဲမှာတော့ “အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ကျွန်မကိုယ်ကျွန်မ အကြိမ်ကြိမ် အဖန်ဖန် သုံးသပ်စဉ်းစားခဲ့ပါတယ်…အခုချိန်ထိလည်း ကိုယ့်ကိုယ်ကိုသတိထားပြီးနေနေတယ်ဆိုပေမယ့် တစ်ဆင့်ချင်းပြန်ပြီးကြိုးစားနေပါတယ်” လို့ဆိုကာရေးသားထားတာကိုတွေ့ရပါတယ်။
Shin Jimin ဟာ AOA ရဲ့အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့စဉ်အချိန်တုန်းက AOA ရဲ့အဖွဲ့ဝင်ဟောင်းနောက်တစ်ယောက်ဖြစ်တဲ့ Kwon Mina အပေါ်မှာ နိုင်ထက်စီးနင်းပြုမူခဲ့တာနဲ့ပတ်သက်ပြီး ၂၀၂၀ ခုနှစ်တုန်းက အရှုပ်တော်ပုံပြဿနာတွေများစွာဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် သူမကိုယ်တိုင်အသုံးပြုတဲ့ အင်စတာဂရမ်အကောင့်နဲ့ ယူကျူချန်နယ်တို့ကို ဖျက်သိမ်းပစ်ခဲ့ပြီး အနုပညာအလုပ်တွေအကုန်လုံးကိုလည်း ရပ်နားခဲ့ကာ ဖျော်ဖြေရေးနယ်ပယ်ကနေ အနားယူတော့မှာဖြစ်ကြောင်းကို ကြေညာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာတော့ အေဂျင်စီဟောင်းဖြစ်တဲ့ FNC Entertainment ဘက်ကနေ သူမနဲ့ကုမ္ပဏီအကြားက စာချုပ်သက်တမ်းဟာ ကုန်ဆုံးသွားပြီဖြစ်ကြောင်းကို တရားဝင်ကြေညာခဲ့တာ တွေ့ရပါတယ်။
ဒီလိုကြေညာချက်တွေထုတ်ပြန်ပြီး အနုပညာနယ်ပယ်ထဲကနေ အချိန် ၁ နှစ်ကျော်မျှ ပျောက်ကွယ်သွားခဲ့တဲ့ Shin Jimin တစ်ယောက် အခုလိုမျိုးတစ်ဖန်ပြန်လည်ဝင်ရောက်လာတာဟာ ပရိသတ်တွေအတွက်တော့ မေးခွန်းထုတ်စရာကောင်းလို့နေပါတယ်။
Ref : GStarLive
Nemo