အသက် ၄၅ နှစ်အရွယ် အလှတရားကို ပြသခဲ့တဲ့ မင်းသမီး Kim Hee Sun

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ကျင်းပခဲ့တဲ့ “Remarriage & Desires” ရဲ့ သတင်းစာရှင်းလင်းပွဲက မင်းသမီး Kim Hee Sun ရဲ့ လက်ရှိပုံစံကို မြင်တွေ့ခဲ့ရပြီး မီဒီယာသမားတွေနဲ့ netizens တို့က အံ့အားသင့်ခဲ့ကြပါတယ်။
ကိုရီးယားရဲ့ အထင်ကရ မင်းသမီးချော Kim Hee Sun ဟာလည်း ဆယ်စုနှစ် ၃ စုနီးပါးလောက် အနုပညာလောကထဲမှာ နာမည်ရနေဆဲဖြစ်သလို သူမရဲ့ လက်ရှိအလှအပဟာလည်း နုပျိုနေပုံ မပေါ်လွင်ပေမဲ့မူ လှနေဆဲဆိုတာတော့ ငြင်းမရပါဘူး။
အသက် ၄၅ နှစ်အရွယ်ကို ကျော်လွန်လာခဲ့ပေမဲ့လည်း ဆွဲဆောင်မှုရှိနေဆဲဖြစ်တဲ့ မင်းသမီးဟာ အသက်ကြီးလာတာနဲ့အမျှ အိုမင်းရင့်ရော်လာတဲ့ အရိပ်အယောင်တွေ မြင်တွေ့ခဲ့ရပြီး သူမရဲ့ မျက်လုံးနဲ့ ပါးစပ်တဝိုက်က အရေးအကြောင်းတွေကိုတော့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေခဲ့ကြပုံပါပဲ။
မင်းသမီး Kim Hee Sun ဟာ ကမ္ဘာ့အလယ်မှာ ကျော်ကြားတဲ့ ပထမဆုံး မင်းသမီးဖြစ်ခဲ့ပြီး လူအများက သူမကို “ကိုရီးယားအလှမယ် စူပါစတား” လို့တောင် တင်စားခေါ်ဝေါ်ကြတာပါ။
သူမဟာ အသက် ၁၅ နှစ် ကတည်းက လူငယ်မဂ္ဂဇင်းအတွက် မော်ဒယ်အဖြစ် ပွဲဦးထွက် သရုပ်ဆောင်ခဲ့ရင်း ၁၉၉၀ ခုနှစ် အလယ်ပိုင်းနှင့် နှောင်းပိုင်းများတွင် ရေပန်းအစားဆုံး ကိုရီးယားကြယ်ပွင့်ဖြစ်ခဲ့ပါတယ်။