ကုမ္ပဏီတစ်ခုမှာ Executive Director တစ်ယောက်အဖြစ် နေရာယူထားတဲ့ Bella Ranee

ဒီရက်ပိုင်းအတွင်းထွက်ရှိလာတဲ့သတင်းတစ်ခုကတော့ ထိုင်းနိုင်ငံရဲ့နာမည်ကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Bella Ranee ဟာဆိုရင် BOEL40 ဆိုတဲ့ မီဒီယာကုမ္ပဏီတစ်ခုမှာ Executive Director တစ်ယောက်အဖြစ် နေရာယူထားတယ်ဆိုတဲ့သတင်းပါပဲ။

ထွက်ရှိလာတဲ့သတင်းတွေအရ အဆိုပါကုမ္ပဏီရဲ့အမြတ်ငွေဟာ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တို့မှာ အမြတ်ငွေ ဘတ် ၁၅.၆ သန်း နဲ့ ဘတ် ၆.၁ သန်းရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်းမှာလည်း အမြတ်ပမာဏ ဘတ် ၈ သိန်းကျော်၊ ဘတ် ၆.၈၂ သန်းနဲ့ ဘတ် ၆.၈၃ သန်းအသီးသီးကို နှစ်အလိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

Bella Ranee ဟာ လက်ရှိထိုင်းအနုပညာလောကရဲ့ ကြေးအမြင့်ဆုံးသောသရုပ်ဆောင်မင်းသမီးတစ်လက်အဖြစ်နဲ့လည်း ရပ်တည်လျက်ရှိနေတာဖြစ်ပြီး သူမကို စတင်လူသိများစေခဲ့တဲ့ဇာတ်ကားကတော့ ၂၀၁၃ ခုနှစ်တုန်းက မင်းသား James Jirayu နဲ့အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ “Khun Chai Puttipat” ပဲဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သူမဟာ နာမည်ကြီးဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပြီး ဒီလိုပါဝင်ခဲ့တဲ့ ဇာတ်ကားတိုင်းနီးပါးဟာလည်း ကြည့်ရှုသူတွေများပြားခဲ့တာကိုတွေ့ရပါတယ်။ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ “Love Destiny: The Movie” ရုပ်ရှင်ဇာတ်ကားကတော့ အခု ဇူလိုင်လ ၂၈ ရက်နေ့မှာ စတင်ရုံတင်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref : Thai Update
Nemo

Leave a Reply

Your email address will not be published.