‘The Heirs’ မှာပါဝင်သရုပ်ဆောင်ဖို့ကမ်းလှမ်းခံခဲ့ရပေမယ့်လည်း Park Shin Hye ကြောင့် ဒီကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့တယ်ဆိုတဲ့ Jung Yong Hwa

အဆိုတော်တစ်ယောက်အဖြစ်နဲ့သာမက သရုပ်ဆောင်မင်းသားတစ်လက်အဖြစ်နဲ့လည်း ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကို အခိုင်အမာရရှိထားတဲ့ CNBLUE အဖွဲ့ခေါင်းဆောင် Jung Yong Hwa ဟာဆိုရင် နာမည်ကြီးဇာတ်ကားတွေများစွာမှာပါဝင်ဖို့အတွက် ကမ်းလှမ်းမှုတွေရရှိခဲ့ဖူးသူဖြစ်ပါတယ်။

Yong Hwa အနေနဲ့ကမ်းလှမ်းခံခဲ့ရဖူးတဲ့ ဇာတ်ကားတွေထဲမှာ ၂၀၁၃ ခုနှစ်တုန်းက နာမည်ကျော်လူကြိုက်များခဲ့တဲ့ ‘The Heirs’ ကလည်းတစ်ကားအပါအဝင်ဖြစ်ပြီး အဆိုပါဇာတ်ကားထဲမှာတော့ သူ့ကို “Kim Woo Bin” ရဲ့ဇာတ်ကောင် “Choi Young Do” နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Yong Hwa ဟာ ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ဒီလိုပယ်ချခဲ့ရတဲ့အကြောင်းအရင်းကတော့ ဇာတ်လမ်းတွဲထုတ်လုပ်ရေးကုမ္ပဏီနဲ့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ FNC Entertainment တို့အကြားမှာ သဘောတူညီမှုမရရှိခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ လူငယ်ဒရမ်မာဇာတ်လမ်းတွဲတွေကနေခွဲထွက်ပြီး မတူညီတဲ့ဇာတ်ကောင်ပုံစံမျိုးကို စိန်ခေါ်သရုပ်ဆောင်ချင်တာကြောင့်လည်း အဆိုပါကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအခါမှာတော့ သူဟာ Park Shin Hye နဲ့ ပထမနှစ်ကားမှာအတူသရုပ်ဆောင်ခဲ့ဖူးတဲ့အတွက် ဇာတ်ကားအသစ်တွေမှာ နောက်ထပ်သရုပ်ဆောင်အသစ်တွေနဲ့ အလုပ်အတူတွဲလုပ်ချင်တာကြောင့် ‘The Heirs’ မှာပါဝင်အတွက် ကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့တာဖြစ်တယ်ဆိုတဲ့ ကောလဟာလသတင်းတစ်ခုကလည်း ထွက်ရှိလို့လာခဲ့ပါတယ်။

ဒီလိုထွက်ရှိလာတဲ့သတင်းနဲ့ပတ်သက်လို့တော့ Jung Yong Hwa ဘက်မှ တိကျရှင်းလင်းတဲ့ဖြေရှင်းချက်တစ်စုံတစ်ရာကို ထုတ်ပြန်ပေးခဲ့ခြင်းမရှိပါဘူး။ Jung Yong Hwa နဲ့ Park Shin Hye တို့ဟာဆိုရင် “You’re Beautiful” နဲ့ “Heartstrings” ဇာတ်လမ်းတွဲတို့မှာ အတူပါဝင်သရုပ်ဆောင်ပြီး နှစ်ကြိမ်တိုင်တိုင်အလုပ်တွဲလုပ်ခဲ့ဖူးကြတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။

Jung Yong Hwa ဘက်မှ “The Heirs” မှာပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့ပြီးနောက်မှာဒီကမ်းလှမ်းမှုက Kim Woo Bin ဆီကိုရောက်ရှိသွားခဲ့ပြီး အဲဒီနောက်မှာတော့ Lee Min Ho, Park Shin Hye, Kim Woo Bin, Kang Ha Neul, Kang Minhyuk, Krystal Jung, Park Hyung Sik နဲ့ Kim Ji Won တို့လိုမျိုး နာမည်ကြီးအနုပညာရှင်တွေ တစ်စုတစ်ဝေးတည်းပါဝင်ထားကြတဲ့ “The Heirs” ဇာတ်လမ်းတွဲကြီးထွက်ရှိလာခဲ့ပါတော့တယ်။

Ref : KDramaStars
Nemo

Leave a Reply

Your email address will not be published.