ဝါတွင်းနေ့က အပြုအမူတွေကြောင့် တွဲနေပြီလို့ ထင်ကြေးပေးခံခဲ့ရပြန်တဲ့ Bella နဲ့ Peak

မင်းသမီး Bella Ranee ဟာ Weir နဲ့ လမ်းခွဲလိုက်ပြီလို့ ကြေငြာပြီးကတည်းက ခြေလှမ်းတစ်လှမ်း၊ လှုပ်ရှားမှုတစ်ခုက အစ မလွဲလုမတတ် လူအများက သတိထားမိနေပုံရပါတယ်။
အခုချိန်မှာလည်း “Dare To Love” ဇာတ်လမ်းတွဲမှာ အတူတူ တွဲဖက်သရုပ်ဆောင်ခဲ့ရတဲ့ မင်းသားချောလေး Kongthap Peak နဲ့ တွဲနေကြပြီဆိုတဲ့ သတင်းတွေ ထပ်မံပေါ်ထွက်လို့လာပါတော့တယ်။
အရင်ကလည်း နှစ်ယောက်သားဟာ “မနဲ့မောင်” ဇာတ်လမ်းလေးထဲက chemistry အရှိန်တွေနဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ဖူးပေမဲ့ Bella ရော၊ Peak ဘက်ကပါ ဒီသတင်းတွေကို မဟုတ်မှန်ကြောင်း ငြင်းဆန်ထားခဲ့ကြတာပါ။
ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ ဇူလိုင်လ ၁၄ ရက်နေ့ ဝါတွင်းနေ့မှာ သူတို့နှစ်ဦးဟာ ဘုရားတစ်ဆူတည်းမှာ ထပ်မံမြင်တွေ့ခဲ့ရပါတော့တယ်။ တွဲဖက် မြင်တွေ့ရတာမျိုး မဟုတ်ပေမဲ့ Bella ဟာ ဘုရားကို မိသားစုဝင်တွေနဲ့ အတူတူဖူးခဲ့တာကြောင့် ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေကို သံသယအကြီးကြီး ဝင်စေခဲ့ပါပြီ။
Peak ကလည်း သူ့ရဲ့မိတ်ဆွေတွေနဲ့ ဘုရားလာဖူးခဲ့ပုံပေါ်ပေမဲ့ ဒီပုံတွေမှာတော့ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေချည်း မဟုတ်ဘူးလို့ လူတွေက သံသယရှိနေကြတုန်းပဲဖြစ်သလို စားသောက်ဆိုင်မှာ အတူတူမြင်တွေ့ခဲ့ရကတည်းက ဒီနှစ်ယောက်ဟာ တွဲနေကြပြီလို့ ပရိသတ်တွေက အပိုင်တွက်ထားကြပုံပါပဲ။