‘Crash Landing on You’ Musical မှာ Captain Ri နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့ရွေးချယ်ခံထားရတဲ့ မင်းသား Lee Jang Woo

တောင်ကိုရီးယားနိုင်ငံရဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ Musical လို့အလွယ်ခေါ်ကြတဲ့ တေးဂီတသရုပ်ဖော်ပွဲတွေကလည်း အလွန်ကျယ်ကျယ်ပြန့်ပြန့်ရှိကြပြီး တချို့သရုပ်ဆောင်တွေနဲ့ Idol တွေဟာဆိုရင် အဆိုပါပွဲတွေမှာ ပါဝင်တင်ဆက်ဖျော်ဖြေကြလေ့ရှိပါတယ်။

လတ်တလောရက်ပိုင်းအတွင်းထွက်ရှိလာတဲ့သတင်းတချို့မှာဆိုရင် ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ “Crash Landing on You”နာမည်ကြီးဒရမ်မာဇာတ်လမ်းတွဲတစ်ခုကိုလည်း Musical အဖြစ် ဖန်တီးတင်ဆက်သွားဖို့ရှိပြီး အဆိုပါပွဲမှာပါဝင်ကြမယ့် သရုပ်ဆောင်တွေရဲ့နာမည်စာရင်းကလည်း ထွက်ရှိလာပြီဖြစ်တယ်လို့ဆိုပါတယ်။

ယင်းသတင်းတွေအရတော့ မင်းသား Hyun Bin သရုပ်ဆောင်ခဲ့တဲ့ မြောက်ကိုရီးယား ဗိုလ်ကြီး Ri Jung Hyuk ဇာတ်ကောင်နေရာမှာ မင်းသား Lee Jang Woo ကပါဝင်တင်ဆက်သွားမှာဖြစ်ကာ ပွဲကိုတော့ ဆိုးလ်မြို့၊ ဂန်နမ်ရပ်ကွက်ရှိ COEX Shinhan Card Artium မှာ စက်တင်ဘာလ ၁၆ ရက်နေ့ကနေ စတင်ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“Crash Landing on You” ဇာတ်လမ်းကတော့ မြောက်ကိုရီးယားနိုင်ငံမှ ဗိုလ်ကြီး Ri Jung Hyuk နဲ့ တောင်ကိုရီးယားနိုင်ငံမှ သူဌေးသမီး ယွန်းဆယ်ရီတို့အကြားက အချစ်ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ကောင်းအောင်ဖန်တီးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

အခု Musical မှာပါဝင်သရုပ်ဆောင်မယ့် မင်းသား Lee Jang Woo ကိုကတော့ “Your Majesty”, “My Only One” ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေသိရှိထားကြပြီးဖြစ်မှာပါ။ သူဟာ ၂၀၁၁ ခုနှစ်လောက်တုန်းကလည်း T-ara အဖွဲ့ဝင် Eun Jung နဲ့တွဲဖက်ပြီး ‘We Got Married’ အစီအစဉ်မှာပါဝင်ခဲ့ဖူးသူဖြစ်ပါတယ်။\

Ref : KDramaStars
Nemo

‘Crash Landing on You’ Musical မှာ Captain Ri နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့ရွေးချယ်ခံထားရတဲ့ မင်းသား Lee Jang Woo

တောင်ကိုရီးယားနိုင်ငံရဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ Musical လို့အလွယ်ခေါ်ကြတဲ့ တေးဂီတသရုပ်ဖော်ပွဲတွေကလည်း အလွန်ကျယ်ကျယ်ပြန့်ပြန့်ရှိကြပြီး တချို့သရုပ်ဆောင်တွေနဲ့ Idol တွေဟာဆိုရင် အဆိုပါပွဲတွေမှာ ပါဝင်တင်ဆက်ဖျော်ဖြေကြလေ့ရှိပါတယ်။

လတ်တလောရက်ပိုင်းအတွင်းထွက်ရှိလာတဲ့သတင်းတချို့မှာဆိုရင် ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ “Crash Landing on You”နာမည်ကြီးဒရမ်မာဇာတ်လမ်းတွဲတစ်ခုကိုလည်း Musical အဖြစ် ဖန်တီးတင်ဆက်သွားဖို့ရှိပြီး အဆိုပါပွဲမှာပါဝင်ကြမယ့် သရုပ်ဆောင်တွေရဲ့နာမည်စာရင်းကလည်း ထွက်ရှိလာပြီဖြစ်တယ်လို့ဆိုပါတယ်။

ယင်းသတင်းတွေအရတော့ မင်းသား Hyun Bin သရုပ်ဆောင်ခဲ့တဲ့ မြောက်ကိုရီးယား ဗိုလ်ကြီး Ri Jung Hyuk ဇာတ်ကောင်နေရာမှာ မင်းသား Lee Jang Woo ကပါဝင်တင်ဆက်သွားမှာဖြစ်ကာ ပွဲကိုတော့ ဆိုးလ်မြို့၊ ဂန်နမ်ရပ်ကွက်ရှိ COEX Shinhan Card Artium မှာ စက်တင်ဘာလ ၁၆ ရက်နေ့ကနေ စတင်ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“Crash Landing on You” ဇာတ်လမ်းကတော့ မြောက်ကိုရီးယားနိုင်ငံမှ ဗိုလ်ကြီး Ri Jung Hyuk နဲ့ တောင်ကိုရီးယားနိုင်ငံမှ သူဌေးသမီး ယွန်းဆယ်ရီတို့အကြားက အချစ်ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ကောင်းအောင်ဖန်တီးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

အခု Musical မှာပါဝင်သရုပ်ဆောင်မယ့် မင်းသား Lee Jang Woo ကိုကတော့ “Your Majesty”, “My Only One” ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေသိရှိထားကြပြီးဖြစ်မှာပါ။ သူဟာ ၂၀၁၁ ခုနှစ်လောက်တုန်းကလည်း T-ara အဖွဲ့ဝင် Eun Jung နဲ့တွဲဖက်ပြီး ‘We Got Married’ အစီအစဉ်မှာပါဝင်ခဲ့ဖူးသူဖြစ်ပါတယ်။

Ref : KDramaStars
Nemo

Leave a Reply

Your email address will not be published. Required fields are marked *