သြဂုတ်လထဲမှာ အပြိုင်မြင်တွေ့သွားရမယ့် SM, YG, JYP မိန်းကလေး ၃ ဖွဲ့ရဲ့ Comeback များ

သြဂုတ်လထဲမှာ အပြိုင်မြင်တွေ့သွားရမယ့် SM, YG, JYP မိန်းကလေး ၃ ဖွဲ့ရဲ့ Comeback များ

“BIG 3” ဖျော်ဖြေရေး ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ SM, JYP နဲ့ YG တို့ရဲ့ ကိုယ်စားပြု မိန်းကလေးအဖွဲ့များဟာ သြဂုတ်လထဲမှာ အပြိုင်အဆိုင် comeback လို့လာကြမှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ Girl’s Generation က အဖွဲ့လိုက်အနေနံ့ ဒီသြဂုတ်လမှာ comeback ပြုလုပ်ဖို့ အတည်ပြုခဲ့ပြီးပါပြီ။ SM Entertainment ရဲ့ ပွဲဦးထွက်ပေးမှုနဲ့အတူ ၂၀၀၇ ခုနှစ် သြဂုတ်လ ၅ ရက်နေ့က “Into The New World” ဖြင့် ပွဲဦးထွက်ခဲ့တဲ့ Girl’s Generation ဟာ ယခုနှစ်မှာ သူတို့ရဲ့ ၁၅ နှစ်မြောက် ပွဲဦးထွက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် album အသစ်နဲ့ comeback လာတော့မှာပါ။

၂၀၁၇ ခုနှစ် သြဂုတ်လက သူတို့ရဲ့ ၆ ခုမြောက် album “Holiday Night” ထွက်ရှိခဲ့ပြီးနောက် ၅ နှစ်တာ ကာလအတွင်း မိအဖွဲ့ရဲ့ ပထမဆုံး comeback ဖြစ်လာမှာဖြစ်သလို ပရိသတ်တွေကလည်း Girls’ Generation ရဲ့ အဖွဲ့ဝင် ၈ ယောက်နဲ့ လာမယ့် comeback ကို စောင့်မျှော်လို့နေကြပါပြီ။

JYP နဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့ TWICE ကလည်း သူတို့ရဲ့ comeback date အဖြစ် ဩဂုတ် ၂၆ ရက်နေ့ကို အတည်ပြုခဲ့ပြီး အဖွဲ့ရဲ့ ၁၁ ခုမြောက် mini-album “BETWEEN 1&2” နဲ့ comeback လို့လာတော့မှာပါ။

ဒါဟာလည်း TWICE အဖွဲ့ရဲ့ ၃ ခုမြောက် full-album “Formula of Love” ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ထွက်ရှိပြီးချိန် ၉ လ ခန့်အတွင်း ပထမဆုံး comeback ဖြစ်လာမှာပါ။

BLACKPINK ကလည်း သီချင်းအသစ်များထွက်ရှိခြင်းဖြင့် ယခုသြဂုတ်လရဲ့ “Big 3” comeback ပြိုင်ပွဲမှာ ပါဝင်သွားဦးမှာပါ။ YG Entertainment ရဲ့ အဆိုအရ BLACKPINK ဟာ သူတို့ရဲ့ album သစ် အတွက် နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

BLACKPINK ဟာ သူတို့ရဲ့ MV ကို ယခုလထဲ ရိုက်ကူးသွားဖို့ စီစဉ်ထားကြပြီး နောက်လမှာလည်း သီချင်းအသစ်များ ဆက်လက်ထွက်ရှိလာဖို့ စီစဉ်ထားကြတယ်လို့ သိရသလို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလက သူတို့ရဲ့ ပွဲဦးထွက် album လေး “THE ALBUM” ဖြင့် နောက်ဆုံး comeback ပြုလုပ်ခဲ့တာဟာ ၁ နှစ်နဲ့ ၁၀ လ ကြာမြင့်ခဲ့ပါပြီ။

ပရိသတ်တွေကရော ဘယ် comeback ကို အစောင့်မျှော်နေကြဆုံး ဖြစ်မလဲ။ SM လား။ JYP လား။ YG လား။ ဖြေသွားပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

x