အနုပညာလောကထဲပြန်လည်ဝင်ရောက်လာတဲ့ Shin Jimin နဲ့ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ ပရိသတ်တွေရဲ့တုံ့ပြန်မှုပုံစံ

AOA ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Shin Jimin ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက Kwon Mina နဲ့ပတ်သက်ပြီး ရှုပ်ထွေးမှုပြဿနာတွေဖြစ်ပေါ်ခဲ့ပြီးနောက်မှာတော့ အနုပညာအလုပ်တွေအကုန်လုံးကို ရပ်နားပစ်ခဲ့ပြီး ဖျော်ဖြေရေးနယ်ပယ်ကနေထွက်ခွာတော့မှာဖြစ်ကြောင်း အသိပေးကြေညာခဲ့ပါတယ်။

ဒါပေမယ့်လည်း တစ်နှစ်ကျော်ကြာပြီးအချိန်မှာတော့ ဒီဆုံးဖြတ်ချက်တွေကိုပြောင်းလဲပစ်ကာ ဖျော်ဖြေရေးအနုပညာနယ်ပယ်ထဲကို တစ်ဖန်ပြန်လည်ဝင်ရောက်တော့မှာဖြစ်တဲ့အတွက် Alomalo Entertainment နဲ့တရားဝင်စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ပါတယ်။

သူမအနေနဲ့ အနုပညာလောကထဲပြန်ဝင်မယ်ဆိုတဲ့သတင်းတွေထွက်ရှိလာခဲ့ပြီးချိန်မှာတော့ သူမက “ကျွန်မရဲ့အတိတ်ကကိစ္စတွေနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုပြန်လည်သုံးသပ်ဆင်ခြင်ရာမှာ အချိန်တွေအများကြီးကုန်ဆုံးခဲ့ပါတယ်”

“ဒီကိစ္စတွေကြောင့် အခုထိ ကိုယ့်ကိုယ်ကိုသတိထားနေရတယ်ဆိုပေမယ့် တစ်လှမ်းချင်းရှေ့ဆက်တိုးဖို့အတွက် ကျွန်မ ပြင်ဆင်ထားပါတယ် …. ဒါကြောင့် ရှေ့ဆက်လှုပ်ရှားမယ့် ကျွန်မရဲ့အနုပညာအလုပ်တွေကို စောင့်ကြည့်အားပေးကြပါဦး” လို့ဆိုကာ အေဂျင်စီအသစ်ကနေတစ်ဆင့် ထုတ်ပြန်ပေးခဲ့ပါတယ်။

ဒီလိုသတင်းတွေထွက်လာခဲ့ပြီးချိန်မှာတော့ အွန်လိုင်းအသုံးပြုသူပရိသတ်တွေတွေအများစုက ဝမ်းသာပျော်ရွှင်ခဲ့ကြပြီး သူမကို ကြိုဆိုလက်ခံကြောင်းစာတွေကိုရေးသားကာ သူမရဲ့ဆုံးဖြတ်ချက်ပြောင်းလဲလိုက်မှုအပေါ် အားပေးကြောင်းဖော်ပြခဲ့ကြပါတယ်။

ဒါ့အပြင် အနုပညာအရည်အချင်းတွေရှိတဲ့သူမအနေနဲ့ ပရိသတ်တွေအတွက် ဘယ်လိုမျိုးစိတ်ကျေနပ်မှုကိုပေးနိုင်တဲ့အရာတွေကို ဖျော်ဖြေတင်ဆက်ပေးသွားမလဲဆိုတာကိုလည်း မျှော်လင့်နေကြပြီး အကောင်းဆုံးအရာတွေကို ကြုံတွေ့ဖြတ်သန်းစေလိုကြောင်း ဆုတောင်းစကားတွေလည်းပြောပေးထားကြတာကိုတွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *