Comeback အပြီးမှာ ရရှိခဲ့တဲ့ aespa ရဲ့ အမိုက်စားစံချိန်များ

Comeback အပြီးမှာ ရရှိခဲ့တဲ့ aespa ရဲ့ အမိုက်စားစံချိန်များ

aespa အဖွဲ့ကတော့ သူတို့ရဲ့ mini-album နဲ့ title track လေး “Girls” ထွက်ရှိပြီး တစ်ပါတ်အတွင်းမှာပဲ သိသာထင်ရှားတဲ့ အောင်မြင်မှုများကို ရရှိသွားခဲ့ပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့အထိ အချက်အလက်တွေအရ aespa ရဲ့ ဒုတိယမြောက် mini-album “Girls” ဟာ Hanteo chart ကို အခြေခံ၍ အချပ်ရေ 1,126,068 အထိ ရောင်းချခဲ့ရပြီး aespa ဟာလည်း ဒီအရေအတွက်ကို ရရှိတဲ့ ပထမဆုံးသော အမျိုးသမီးအဖွဲ့ ဖြစ်လာခဲ့ပါတယ်။

“Girls” ဟာ Hanteo chart သမိုင်းတစ်လျှောက် အမျိုးသမီး အနုပညာရှင်များအကြား အရောင်းရဆုံး album လည်း ဖြစ်လို့လာခဲ့တာပါ။

လက်ရှိမှာလည်း Circle (ယခင် Gaon) မှာ “Girls” ဟာ အချပ်ရေ 1,426,487 ရောင်းချခဲ့ရပြီး အပတ်စဉ် physcial chart ရဲ့ No. 1 နေရာမှာလည်း ပွဲဦးထွက်ခဲ့တာကြောင့် aespa တို့ဟာ ရောင်းအား အမြင့်မားဆုံး အဖွဲ့အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

iTunes ကိုကြည့်မယ်ဆိုရင်လည်း aespa ဟာ Worldwide iTunes Album Chart မှာ No. 1 နဲ့ Top Albums charts of 1 Nations မှာလည်း ပထမနေရာကို သိမ်းပိုက်နိုင်ခဲ့သလို title track “Girls” ကလည်း Worldwide iTunes chart မှာ No. 13 အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။

ကမ္ဘာကျော် platform ဖြစ်တဲ့ Spotify မှာလည်း aespa ဟာ လစဉ်နားဆင်သူ ၅.၇ သန်း ကျော်ရှိပြီး သူတို့ရဲ့ title track “Girls” ဟာလည်း Spotify Global Top 200 တွင် No. 147 ဖြင့် ပွဲဦးထွက်နိုင်ခဲ့ပါတယ်။

“Girls” ရဲ့ official MV ကို ကြည့်မယ်ဆိုရင်လည်း ထုတ်လွှင့်တဲ့ ပထမအပါတ်အတွင်း YouTube views ၆၉ သန်းနဲ့ like ၁.၄ သန်းကျော် ရှိခဲ့တာပါ။ aespa ဟာ ယခုချိန်မှာတော့ Korean music shows တွေမှာ သူတို့ရဲ့ promotion တွေကို စတင်နေခဲ့ပြီဖြစ်သလို အရင်တစ်ခေါက်က comeback ထက်လည်း ပိုမိုသာလွန်တဲ့ record တွေကို ဆွတ်ခူးသွားဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။

Leave a Reply

Your email address will not be published.