World Tour Concert အတွက် လေ့ကျင့်ပြင်ဆင်ရမှာကြောင့် ဆိုရှယ်မီဒီယာကနေ ရက်ပိုင်းမျှပျောက်ကွယ်မှာဖြစ်ကြောင်း အသိပေးကြေညာလာကြတဲ့ KinnPorsche အဖွဲ့သားများ

ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းကမှ အောင်မြင်စွာထုတ်လွှင့်ပြသပြီးစီးသွားခဲ့တဲ့ “KinnPorsche” ထိုင်း BL စီးရီးထဲမှ သရုပ်ဆောင်တွေဟာဆိုရင် မကြာခင်ရက်ပိုင်းအတွင်းမှာ World Tour Concert ကို စတင်ပြုလုပ်ကျင်းပကြတော့မှာဖြစ်ပါတယ်။

အဆိုပါ Concert အတွက် လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်ဖို့ကိုတော့ Camp ဝင်ရောက်ရမှာဖြစ်ပြီး ဒီလိုမျိုးလေ့ကျင့်ရမယ့်ရက်အတွင်းမှာလည်း ဆိုရှယ်မီဒီယာအသုံးပြုမှုကို ရပ်နားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် စီးရီးထဲမှသရုပ်ဆောင်အချို့ဟာ သူတို့တွေအနေနဲ့ ဆိုရှယ်မီဒီယာပေါ်ကနေ ရက်ပိုင်းမျှပျောက်ကွယ်သွားမှာဖြစ်ကြောင်းကို Camp မဝင်ခင်အချိန်မှာ အသိပေးကြေညာပေးထားကြတာကိုတွေ့ရပါတယ်။

KINNPORSCHE THE SERIES WORLD TOUR 2022 ကို အခု ဇူလိုင်လ ၂၄  ရက်နေ့နဲ့ ၂၅ ရက်နေ့တို့ရဲ့ ထိုင်းစံတော်ချိန် ည ၇ နာရီမှာ စတင်ပြုလုပ်သွားမှာဖြစ်ပါတယ်။

Source : Twitter & Instagram
Nemo

Leave a Reply

Your email address will not be published.