James Jirayu နဲ့ Bella Ranee တို့ကို ဇာတ်လမ်းတွဲအသစ်မှာ ပြန်လည်တွဲဖက်မြင်ရဖို့အတွက် ပရိသတ်တွေမျှော်လင့်ထားကြ

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား James Jirayu နဲ့ မင်းသမီး Bella Ranee တို့ဟာ နှစ်ကြိမ်ထက်ပိုပြီး အလုပ်အတူတွဲဖက်လုပ်ကိုင်ဖူးသူဖြစ်ကြပါတယ်။ သူတို့နှစ်ဦးအတူတွဲဖက်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေဟာဆိုရင်လည်း ဒီနေ့အချိန်ထိတိုင် ပရိသတ်တွေအကြားမှာ လူကြိုက်များအောင်မြင်နေဆဲဖြစ်တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သူတို့နှစ်ဦးဟာ အင်စတာဂရမ်မှာ အတူတူ Live လွှင့်ပြီး ပရိသတ်တွေနဲ့ဆက်သွယ်စကားပြောခဲ့ကြကာ အဲဒီနေ့ဟာ သူတို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ နာမည်ကြီး “Padiwarada” ဇာတ်လမ်းတွဲကို Thai TV3 မှာ တစ်ဖန်ပြန်လည်စတင်ထုတ်လွှင့်တဲ့နေ့လည်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအခါမှာတော့ ပရိသတ်တွေက သူတို့နှစ်ယောက်ကို ဇာတ်လမ်းတွဲအသစ်မှာ အတူတွဲဖက်ရိုက်ကူးစေချင်ကြောင်းကို Live ပြုလုပ်နေတဲ့အချိန်အတွင်း မှတ်ချက်ရေးသားဖော်ပြခဲ့ကြပါတယ်။ ဒီလိုမှတ်ချက်တွေကို Bella က တွေ့မြင်ချိန်မှာတော့ သူမတို့တွေအနေနဲ့ အလုပ်အချိန်ဇယားတွေကို ပြန်လည်စစ်ဆေးပြီးဖြစ်ကြောင်းနဲ့ တကယ်လို့များ အခွင့်အရေးရရှိခဲ့မယ်ဆိုရင် နောက်ထပ်တစ်ဖန်အလုပ်အတူတွဲလုပ်သွားကြမှာဖြစ်ကြောင်းကို တုံ့ပြန်ပြောသွားခဲ့ပါတယ်။

James နဲ့ Bella တို့ဟာဆိုရင် Khun Chai Puttipat, Padiwaradda (The Loyal Wife) နဲ့ Krong Kam (Repercussion) ဇာတ်လမ်းတွဲတို့မှာအတူပါဝင်သရုပ်ဆောင်ခဲ့ကြဖူးသူတွေဖြစ်ပြီး ဒီဇာတ်လမ်းတွဲတွေဟာလည်း ကြည့်ရှုနှုန်းများကာ တစ်ခဲနက်အောင်မြင်လူကြိုက်များခဲ့တဲ့ဇာတ်ကားတွေဖြစ်ကြပါတယ်။

Ref : Thai Update
Nemo

James Jirayu နဲ့ Bella Ranee တို့ကို ဇာတ်လမ်းတွဲအသစ်မှာ ပြန်လည်တွဲဖက်မြင်ရဖို့အတွက် ပရိသတ်တွေမျှော်လင့်ထားကြ

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား James Jirayu နဲ့ မင်းသမီး Bella Ranee တို့ဟာ နှစ်ကြိမ်ထက်ပိုပြီး အလုပ်အတူတွဲဖက်လုပ်ကိုင်ဖူးသူဖြစ်ကြပါတယ်။ သူတို့နှစ်ဦးအတူတွဲဖက်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေဟာဆိုရင်လည်း ဒီနေ့အချိန်ထိတိုင် ပရိသတ်တွေအကြားမှာ လူကြိုက်များအောင်မြင်နေဆဲဖြစ်တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သူတို့နှစ်ဦးဟာ အင်စတာဂရမ်မှာ အတူတူ Live လွှင့်ပြီး ပရိသတ်တွေနဲ့ဆက်သွယ်စကားပြောခဲ့ကြကာ အဲဒီနေ့ဟာ သူတို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ နာမည်ကြီး “Padiwarada” ဇာတ်လမ်းတွဲကို Thai TV3 မှာ တစ်ဖန်ပြန်လည်စတင်ထုတ်လွှင့်တဲ့နေ့လည်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအခါမှာတော့ ပရိသတ်တွေက သူတို့နှစ်ယောက်ကို ဇာတ်လမ်းတွဲအသစ်မှာ အတူတွဲဖက်ရိုက်ကူးစေချင်ကြောင်းကို Live ပြုလုပ်နေတဲ့အချိန်အတွင်း မှတ်ချက်ရေးသားဖော်ပြခဲ့ကြပါတယ်။

ဒီလိုမှတ်ချက်တွေကို Bella က တွေ့မြင်ချိန်မှာတော့ သူမတို့တွေအနေနဲ့ အလုပ်အချိန်ဇယားတွေကို ပြန်လည်စစ်ဆေးပြီးဖြစ်ကြောင်းနဲ့ တကယ်လို့များ အခွင့်အရေးရရှိခဲ့မယ်ဆိုရင် နောက်ထပ်တစ်ဖန်အလုပ်အတူတွဲလုပ်သွားကြမှာဖြစ်ကြောင်းကို တုံ့ပြန်ပြောသွားခဲ့ပါတယ်။

James နဲ့ Bella တို့ဟာဆိုရင် Khun Chai Puttipat, Padiwaradda (The Loyal Wife) နဲ့ Krong Kam (Repercussion) ဇာတ်လမ်းတွဲတို့မှာအတူပါဝင်သရုပ်ဆောင်ခဲ့ကြဖူးသူတွေဖြစ်ပြီး ဒီဇာတ်လမ်းတွဲတွေဟာလည်း ကြည့်ရှုနှုန်းများကာ တစ်ခဲနက်အောင်မြင်လူကြိုက်များခဲ့တဲ့ဇာတ်ကားတွေဖြစ်ကြပါတယ်။

Ref : Thai Update
Nemo

Leave a Reply

Your email address will not be published. Required fields are marked *