မင်းသားချော Yang Yang နဲ့ အချစ်ရေးမှာ သတင်းထွက်ပေါ်ဖူးခဲ့ကြတဲ့ မင်းသမီးချောများ

မင်းသားချော Yang Yang နဲ့ အချစ်ရေးမှာ သတင်းထွက်ပေါ်ဖူးခဲ့ကြတဲ့ မင်းသမီးချောများ

Yang Yang ဟာ ပရိသတ်တွေ အများအပြားကြားမှာ ရေပန်းစားနေတဲ့ တရုတ်မင်းသားချော တစ်ဦးပါ။ သူ့ရဲ့ လိမ္မာပါးနပ်တဲ့ သရုပ်ဆောင်မှုစွမ်းရည်တွေနဲ့ သူ့ရဲ့ချောမောတဲ့ရုပ်ရည်တို့  ပေါင်းစပ်ထားတဲ့ “You Are My Glory” လို drama မျိုးတွေနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားလာခဲ့ပါတယ်။

သူ့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ အနုပညာအလုပ်တွေအပြင် ပရိသတ်တွေကလည်း မင်းသားချောလေးရဲ့ အချစ်ဇာတ်လမ်းကို သိချင်နေကြပုံပါပဲ။Yang Yang ဟာ မင်းသမီးတစ်ယောက်နဲ့မှ အချစ်ရေးကို တရားဝင်မကြေငြာဖူးခဲ့ပေမယ့် ထူးထူးခြားခြား အချစ်ရေး ကောလဟာလတွေလည်း ရှိခဲ့ဖူးပါတယ်။

1. Li Qin

2010 ခုနှစ်က Yang Yang နဲ့ Li Qin တို့သည် “The Story of the Stone” မှာ အတူတွဲ သရုပ်ဆောင်ခဲ့ကြရင်း ဇာတ်လမ်းထဲမှာရော အပြင်မှာပါ လူကြိုက်များပြီး ဆွဲဆောင်မှုရှိတဲ့ သရုပ်ဆောင်ကောင်းတွေ ဖြစ်တာကြောင့် ပရိသတ်တွေက သူတို့နှစ်ယောက်ကို ချစ်သူတွေလို့ သံသယဖြစ်ခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်လုံးဟာ အချစ်ရေးမှာ အဆင်မပြေကြောင်းကိုလည်း အတည်ပြုခဲ့ကြပေမဲ့ Yang Yang ဟာ အလုပ်အချိန်ဇယားများဖြင့် အလုပ်များလွန်းတာကြောင့် Li Qin နဲ့ လမ်းခွဲခဲ့တယ်လို့ ယူဆနေကြဆဲပါ။

Zhang Tianai

“I Belonged to You” ဟာ Zhang Tianai နဲ့ တွဲဖက်ခဲ့ရတဲ့ Yang Yang ရဲ့ လူကြည့်အများဆုံးနဲ့ စိတ်ဝင်စားဖွယ်ကောင်းသော ဇာတ်လမ်းတွဲများထဲမှ တစ်ခုဖြစ်သလို ဒီဒရာမာမှာ ပါဝင်သရုပ်ဆောင်ပြီးတဲ့နောက်မှာတော့ ကြော်ငြာတွေမှာပါ တွဲဖက်ရလာတဲ့အခါ နှစ်ယောက်သားရဲ့ ရင်းနှီးမှုက ပိုအားကောင်းလာခဲ့ပါတယ်။

ဒါပေမဲ့လည်း Yang Yang နဲ့ Zhang Tianai တို့ကို ထိုအချိန်က ချစ်သူတွေဖြစ်နေကြတယ်လို့ သံသယရှိခဲ့ကြပေမဲ့  ကောလာဟလများ ထွက်ပေါ်ပြီးနောက်မှာတော့ အဆုံးသတ်သွားခဲ့ပါတော့တယ်။

Zheng Shuang

အရင်က Zheng Shuang နဲ့ Yang Yang တို့ကို ချစ်သူတွေ ဖြစ်လာနိုင်တယ်လို့တောင် ပရိသတ်တွေက မျှော်လင့်ခဲ့ကြသလို နှစ်ယောက်တွဲ “Love O2O” ဇာတ်လမ်းတွဲ ထွက်ရှိပြီးနောက် တစ်ယောက်နဲ့တစ်ယောက် ချိုမြိန်တဲ့ အပြုံးလေးတွေက ပရိသတ်တွေကို အရမ်းကို စိတ်ဝင်စားစေခဲ့ပြီး ကောလဟာလတွေလည်း ပိုမို ကျယ်လောက်လာခဲ့ပါတယ်။

သို့သော်လည်း မင်းသမီးဟာ ပုဂ္ဂိုလ်ရေး အငြင်းပွားမှုများစွာကို ကြုံတွေ့ခဲ့ရတာကြောင့် သူတို့ရဲ့ အချစ်ရေးကို ပရိသတ်တွေက မမျှော်လင့်ခဲ့ကြတော့ပဲ ကောလဟာလတွေလည်း ငြိမ်သက်ခဲ့ရပါတော့တယ်။

Qiao Xin

Qiao Xin နဲ့ Yang Yang တို့ဟာ လန်ဒန်မှာ ဈေးဝယ်ထွက်နေကြတယ်လို့ ဓာတ်ပုံတွေတက်လာခဲ့ပြီး မင်းသမီးကိုယ်တိုင်းကလည်း Weibo က သူမမှာ ချစ်သူရှိနေပြီဆိုတာကို အတည်ပြုခဲ့ပေမယ့် ပုံထဲက အမျိုးသားဟာ Yang Yang မဟုတ်ဘူးလို့ အင်တာနက်သုံးစွဲသူတစ်ဦးက ဖြေရှင်းခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published.