“ရင်သွေးလေးရဲ့မေမေ”  ဖြစ်လာကြပြီဖြစ်တဲ့ ကိုရီးယားမင်းသမီးချောများ

“ရင်သွေးလေးရဲ့မေမေ”  ဖြစ်လာကြပြီဖြစ်တဲ့ ကိုရီးယားမင်းသမီးချောများ

မကြာသေးမီကပဲ ကိုရီးယားဖျော်ဖြေရေးနယ်ပယ်က နာမည်ကျော် မင်းသမီးတွေဟာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း၊ မိခင်ဖြစ်ရန် အဆင်သင့်ဖြစ်နေကြောင်း ထုတ်ဖော်ပြောကြားမှုတွေ ရှိလာခဲ့တာကြောင့် ပရိသတ်တွေကလည်း ကြည်နူးဝမ်းသာခဲ့ရသလို ရင်သွေးလေးမွေးပြီး ပျော်ရွှင်စွာ ပြုစုပျိုးထောင်နေကြတဲ့ မေမေ မင်းသမီးချောတွေလည်း ရှိနေပြန်ပါတယ်။

ဒီနေ့မှာတော့ ရင်သွေးလေးတွေရဲ့ မေမေ ဖြစ်လာမယ့် (သို့) ဖြစ်လာကြပြီဖြစ်တဲ့ နာမည်ကျော် K-Drama မင်းသမီး ၇ ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။

1. Honey Lee

မကြာသေးမီက မင်းသမီးချော Honey Lee ဟာ Vogue Korea မဂ္ဂဇင်းအတွက် ကိုယ်ဝန်လွယ်ထားရက်နဲ့ photoshoot ပြုလုပ်ခဲ့ပါတယ်။အဆိုပါဓာတ်ပုံတွေဟာလည်း ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး Honey Lee ကလည်း ဂုဏ်ပြု ချီးကျူးခံခဲ့ရတယ်။

2. Park Shin Hye

ပရိသတ်တွေ သိပြီးသားဖြစ်တဲ့အတိုင်း မင်းသမီး Park Shin Hye နဲ့ မင်းသား Choi Tae Joon တို့ဟာ ၂၀၂၁ ခု နှစ်ကုန်ခါနီးမှာ ဇနီးမောင်နှံတွေ ဖြစ်လာခဲ့ကြပြီး ၂၀၂၂ အရောက်၊ လွန်ခဲ့တဲ့ လအနည်းငယ်ခန့်မှာပဲ သူတို့ရဲ့ သားဦးလေးကို မွေးဖွားနိုင်ခဲ့ပါတယ်။

3. Sung Yuri

မင်းသမီး Sung Yuri ဟာ ၂၀၁၇ ခုနှစ်မှာ ဂေါက်ရိုက်သမား Ahn Sung Hyun နှင့် လက်ထပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ သူမရဲ့ ပထမဆုံးကိုယ်ဝန်ကို ကြေငြာခဲ့ကာ ချစ်စရာကောင်းသော အမြွှာသမီးလေးတွေကို မွေးဖွားနိုင်ခဲ့ပါတယ်။

4. Min Hyo Rin

Min Hyo Rin ဟာ ကိုရီးယား ဖျော်ဖြေရေး နယ်ပယ်က နာမည်ကျော် သရုပ်ဆောင်-အဆိုတော် တစ်ဦးဖြစ်ပြီး BigBang အဖွဲ့ဝင် Taeyang နဲ့ ၂၀၁၈ မှာ မိသားစုဘဝကို အတူတကွစတင်ခဲ့ကြပြီး သားဦးလေး ဘဝထဲရောက်လာတော့မယ်ဆိုတဲ့ သတင်းကောင်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ကြေညာခဲ့ပါတယ်။

5. Kang So Ra

Kang So Ra ဟာ “Doctor Stranger” ဇာတ်လမ်းတွဲနဲ့အတူ နာမည်ကျော်ခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ အနုပညာရှင် မဟုတ်တဲ့ ခင်ပွန်းနှင့် လက်ထပ်ခဲ့ကြောင်း ကြေငြာပြီးနောက် ၂၀၂၁ ခုနှစ်မှာတော့ ရင်သွေးလေးရဲ့ မိခင်ဖြစ်လာခဲ့ပါတယ်။

6. Choi Ji Woo

Choi Ji Woo ဟာ K-Drama လောကရဲ့ ဂန္ဓဝင် မင်းသမီးတစ်ဦးဖြစ်ပါတယ်။ “The Stairway to Heaven” မင်းသမီးဟာ အသက် ၄၅ နှစ်အရွယ်၊ ၂၀၂၁ ခုနှစ်မှာ ပထမဆုံးရင်သွေးကို မွေးဖွားခဲ့တာကြောင့် ပရိသတ်တွေက စိတ်ပူခဲ့ကြပေမဲ့ သမီးဦးလေးကို အောင်မြင်စွာ မီးဖွားနိုင်ခဲ့ပါတယ်။

7. Son Ye Jin

“Crash Landing On You” မှ တွဲဖက်မင်းသား Hyun Bin နဲ့ လက်ထပ်ပြီး မကြာခင်မှာပဲ Son Ye Jin ဟာ သူတို့ရဲ့ ပထမဆုံး ကိုယ်ဝန်သတင်းကို ကြေငြာခဲ့ပါတယ်။ K-Drama နယ်ပယ်မှာ နာမည်ကြီး စုံတွဲတစ်တွဲဖြစ်တာကြောင့် မင်းသမီးချော Son Ye Jin ရဲ့ ကိုယ်ဝန်သတင်းဟာ ရေပန်းစားသွားခဲ့သလို ဂုဏ်ပြုပေးခဲ့ကြသူတွေလည်း အမြောက်အများရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *