Lee Kwang Soo ရဲ့ မွေးနေ့အမှတ်တရအင်စတာဂရမ်ပို့စ်အောက်မှာ ကွန်မန့်ဝင်ရေးခဲ့တဲ့ Lee Sun Bin

ပရိသတ်တွေရဲ့အချစ်တော် ကိုရီးယားအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Lee Kwang Soo ဟာဆိုရင် အခု ဇူလိုင်လ ၁၄ ရက်နေ့တုန်းက သူ့ရဲ့မွေးနေ့အတွက် ဂုဏ်ပြုဆုတောင်းစကားပြောပေးကြသူတွေကို ကျေးဇူးတင်ရှိကြောင်း သူ ကိုယ်တိုင်အသုံးပြုတဲ့ အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် ပြောသွားခဲ့တာကိုတွေ့ရပါတယ်။
အဆိုပါပို့စ်မှာဆိုရင် Lee Kwang Soo က သူ လက်ခံရရှိထားတဲ့မွေးနေ့လက်ဆောင်တွေနဲ့အတူ ရိုက်ကူးထားတဲ့ပုံအချို့ကို မျှဝေဖော်ပြသွားခဲ့ပြီး “ကျွန်တော့်ကို မွေးနေ့ဆုတောင်းပို့ပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ် … ကျွန်တော့်အတွက် ပျော်ရွှင်ရတဲ့နေ့လေးတစ်နေ့လည်းဖြစ်ခဲ့ရပါတယ် … ”
“ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကလွဲရင် နောက်ထပ်တခြားစကားလုံးတွေကိုစဉ်းစားလို့မရတာကြောင့် ကျေးဇူးပါလို့ပဲပြောပါရစေခင်ဗျာ … ဆက်လက်ပြီးတော့လည်း အနုပညာအလုပ်တွေမှာ အကောင်းဆုံးအရာတွေကိုချပြနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားပေးသွားပါ့မယ် … တကယ်ကျေးဇူးတင်ပါတယ်” လို့ဆိုကာ ကျေးဇူးတင်ကြောင်းကို ရေးသားပေးခဲ့ပါတယ်။
Lee Kwang Soo အနေနဲ့ ဒီလိုမျိုးရေးသားထားတဲ့ ပို့စ်အောက်မှာတော့ Kim Young Kwang, Ahn Bo Hyun တို့လိုမျိုး များစွာသောအနုပညာရှင်တွေက Lee Kwang Soo ရဲ့မွေးနေ့အမှတ်တရအနေနဲ့ ဂုဏ်ပြုစကားမှတ်ချက်တွေဝင်ရောက်ရေးသားခဲ့ကြပြီး အဲဒီလိုမှတ်ချက်ရေးခဲ့ကြသူတွေထဲမှာဆိုရင် Lee Kwang Soo ရဲ့ ချစ်သူဖြစ်တဲ့ မင်းသမီး Lee Sun Bin ကလည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။
Lee Sun Bin တစ်ယောက် ရေးသားခဲ့တဲ့မှတ်ချက်ကတော့ အအေးခွက်နဲ့ မွေးနေ့ကိတ်ပုံ အီမိုဂျီလေးတွေဖြစ်ကြပါတယ်။ သူမရဲ့ ယင်းမှတ်ချက်ဟာ အလွန်ရိုးရှင်းတယ်ဆိုပေမယ့်လည်း ပရိသတ်တွေအကြားမှာ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့တာကိုတွေ့ရပါတယ်။
Lee Kwang Soo နဲ့ Lee Sun Bin တို့ဟာဆိုရင် Running Man ရိုက်ကူးရေးမှာ စတင်တွေ့ဆုံခဲ့ပြီးနောက် ချစ်သူတွေအဖြစ်ကိုရောက်ရှိခဲ့ကြကာ သူတို့နှစ်ဦးရဲ့အချစ်ရေးအကြောင်းကိုတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ တရားဝင်အသိပေးကြေညာခဲ့ကြတာဖြစ်ပါတယ်။
Ref : GStarLive
Nemo