Park Eun Bin နဲ့ Im Si Wan တို့ရဲ့ တွဲဖက်မှုကို မြင်တွေ့သွားရတော့မယ့် ရုပ်ရှင်သစ်

ENA ရဲ့ ဒရာမာ “Extraordinary Attorney Woo” မှာ အမျိုးသမီး ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ရင်း ကျော်ကြားမှုတွေ မြင့်တက်လာခဲ့တဲ့ မင်းသမီး Park Eun Bin ဟာ ဇာတ်ကားသစ်နဲ့ ပြန်လည်ရောက်ရှိလာတော့မှာပါ။

Park Eun Bin ဟာ ၂၀၂၂ ခုနှစ် “The Witch 2” ဇာတ်ကားပြီးနောက် ရုံတင်ပြသတော့မယ့် “Boston 1947” ဇာတ်ကားမှာလည်း အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သွားဦးမှာလို့ အတည်ပြုသွားခဲ့ပါတယ်။

ဒါရိုက်တာ Kang Je-kyu ရိုက်ကူးထားတဲ့ “Boston 1947” ရုပ်ရှင်မှာတော့ သရုပ်ဆောင်တွေအဖြစ် Ha Jung Woo, Bae Sung Woo, Im Si Wan, Park Eun Bin, Kim Sang Ho နဲ့ Choi Kyu Hwan တို့က အဓိက ပါဝင်သွားမှာဖြစ်ပါတယ်။

ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ “Boston 1947” ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကျင်းပတဲ့ ပထမဆုံး နိုင်ငံတကာ မာရသွန်ပြိုင်ပွဲဖြစ်တဲ့ ဘော့စတွန် အပြည်ပြည်ဆိုင်ရာမာရသွန်မှာ ပါဝင်ခဲ့တဲ့ အားကစားသမားများအကြောင်းကို ရိုက်ကူးထားတာပါ။

“Boston 1947” အတွက် ရိုက်ကူးမှုကို ၂၀၂၀ ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး Bae Sung Woo ကတော့ ၁၉၃၆ ခုနှစ်က ဘာလင်အိုလံပစ်မှာ Sohn Kee Chung နှင့်အတူ ကြေးတံဆိပ်ဆု ရရှိခဲ့တဲ့ Nam Seung Ryong အဖြစ် ပါဝင်လာမှာပါ။

Im Si Wan ကတော့ ၁၉၄၇ ဘော်စတွန် မာရသွန်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး စံချိန်ကို ဆွတ်ခူးခဲ့တဲ့ Nam Seung Ryong ရဲ့ ကျောင်းသား Suh Yun Bok အဖြစ်နဲ့ သရုပ်ဆောင်ထားပြီး Park Eun Bin ကတော့ Im Si Wan (Suh Yun Bok) ရဲ့ ချစ်သူအဖြစ် ပါဝင်ထားခဲ့တယ်လို့ သိရပါတယ်။

Park Eun Bin နဲ့ Im Si Wan တို့ရဲ့ တွဲဖက်မှုကို မြင်တွေ့သွားရတော့မယ့် ရုပ်ရှင်သစ်

ENA ရဲ့ ဒရာမာ “Extraordinary Attorney Woo” မှာ အမျိုးသမီး ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ရင်း ကျော်ကြားမှုတွေ မြင့်တက်လာခဲ့တဲ့ မင်းသမီး Park Eun Bin ဟာ ဇာတ်ကားသစ်နဲ့ ပြန်လည်ရောက်ရှိလာတော့မှာပါ။

Park Eun Bin ဟာ ၂၀၂၂ ခုနှစ် “The Witch 2” ဇာတ်ကားပြီးနောက် ရုံတင်ပြသတော့မယ့် “Boston 1947” ဇာတ်ကားမှာလည်း အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သွားဦးမှာလို့ အတည်ပြုသွားခဲ့ပါတယ်။

ဒါရိုက်တာ Kang Je-kyu ရိုက်ကူးထားတဲ့ “Boston 1947” ရုပ်ရှင်မှာတော့ သရုပ်ဆောင်တွေအဖြစ် Ha Jung Woo, Bae Sung Woo, Im Si-wan. Park Eun Bin, Kim Sang Ho နဲ့ Choi Kyu Hwan တို့က အဓိက ပါဝင်သွားမှာဖြစ်ပါတယ်။

ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ “Boston 1947” ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကျင်းပတဲ့ ပထမဆုံး နိုင်ငံတကာ မာရသွန်ပြိုင်ပွဲဖြစ်တဲ့ ဘော့စတွန် အပြည်ပြည်ဆိုင်ရာမာရသွန်မှာ ပါဝင်ခဲ့တဲ့ အားကစားသမားများအကြောင်းကို ရိုက်ကူးထားတာပါ။

“Boston 1947” အတွက် ရိုက်ကူးမှုကို ၂၀၂၀ ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး Bae Sung Woo ကတော့ ၁၉၃၆ ခုနှစ်က ဘာလင်အိုလံပစ်မှာ Sohn Kee Chung နှင့်အတူ ကြေးတံဆိပ်ဆု ရရှိခဲ့တဲ့ Nam Seung Ryong အဖြစ် ပါဝင်လာမှာပါ။

Im Si Wan ကတော့ ၁၉၄၇ ဘော်စတွန် မာရသွန်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး စံချိန်ကို ဆွတ်ခူးခဲ့တဲ့ Nam Seung Ryong ရဲ့ ကျောင်းသား Suh Yun Bok အဖြစ်နဲ့ သရုပ်ဆောင်ထားပြီး Park Eun Bin ကတော့ Im Si Wan (Suh Yun Bok) ရဲ့ ချစ်သူအဖြစ် ပါဝင်ထားခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.