ခမ်းနားကြီးကျယ်စွာ မင်္ဂလာပွဲ ကျင်းပသွားခဲ့ပြီဖြစ်တဲ့ Weir Sukollawat

မင်းသား Weir နဲ့ သူ့ချစ်သူလေး Vikki တို့ရဲ့ မင်္ဂလာပွဲကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှာ ကျင်းပသွားခဲ့ပြီး နှစ်ဖက်ဆွေမျိုး မိတ်သင်္ဂဟတွေနဲ့ သတို့သား သတို့သားတို့ရဲ့ သူငယ်ချင်း တွေ အများအပြားက တက်ရောက် ဂုဏ်ပြုပေးခဲ့ကြပါတယ်။

နံနက်ပိုင်းမှာ ဘန်ကောက်မြို့ရဲ့ တန်ကြေးကြီး ဟော်တယ်တစ်ခုဖြစ်တဲ့ Ballroom Hotel မှာ Weir နဲ့ Vikki တို့ဟာ နှစ်ဖက် မိဘဆွေမျိုးများ၊ မိတ်ဆွေများရဲ့ မျက်စိရှေ့မှာ တစ်သက်သာ ပေါင်းသင်းသွားမယ့် အကြင်လင်မယားတွေအဖြစ် သစ္စာဆိုခဲ့ကြပြီး မင်္ဂလာပွဲဟာလည်း ချောမောစွာ ပြီးဆုံးခဲ့ပါတယ်။

သတို့သမီးနဲ့ သတို့သား နှစ်ဦးစလုံးဟာလည်း သန့်ပြန့်နေတဲ့ မင်္ဂလာ ၀တ်စုံအသစ်လေးတွေနဲ့ လှပကာ လိုက်ဖက်လို့နေပြီး ညနေပိုင်းမှာတော့ Weir တို့ ဇနီးမောင်နှံဟာ မင်္ဂလာပွဲပြီးမြောက်ကြောင်း ညစာစားပွဲ အခမ်းအနားလေးကို ဆက်လက်ကျင်းပသွားခဲ့ပါတယ်။

သတို့သား Weir ကတော့ အရမ်းစိတ်လှုပ်ရှားနေခဲ့ပြီး မျက်ရည်တောင်ကျခဲ့ရပါတယ်။ ကြင်စဦး ဇနီးမောင်နှံဟာ လူအများရဲ့ မျက်လုံးများရှေ့ စင်မြင့်ပေါ်ကို ညင်သာစွာ လျှောက်လှမ်းလာခဲ့ရာမှာ Weir က ငိုခဲ့တာဖြစ်ပါတယ်။

ငိုနေရင်းမှာပဲ Weir က အလျင်အမြန် မျက်ရက်တွေ သုတ်လိုက်ပြီး ကင်မရာတွေကို ပြုံးပြခဲ့သလို တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ပြီး အချစ်ရနံ့တွေ ခြုံလွှမ်းနေတဲ့ တေးဂီတကို နူးညံ့စွာ ကပြစီးမျောရင်း အရမ်းကို ပျော်ရွှင်နေခဲ့ကြပါတော့တယ်။

ပရိသတ်တွေကလည်း ဒီပုံရိပ်တွေကိုမြင်ပြီးနောက်မှာ Weir အတွက် ဝမ်းသာပီတိဖြစ်ခဲ့ကြရင်း နှစ်ယောက်သား လက်တွဲပြီး ထာဝရဆုံးတိုင် ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *