Lay (သို့) Xiao Zhan နဲ့ အချစ်ဇာတ်လမ်းသစ် ထွက်လာနိုင်ဖွယ်ရှိတဲ့ Yang Zi

နှစ်ဆန်းပိုင်းမှာပဲ ဟိုးလေးတကျော် ဖြစ်နေခဲ့တဲ့ ဇာတ်လမ်းသစ် တွဲဖက်မှုအကြောင်းကတော့ ထွက်ပေါ်လို့လာပြန်ပါပြီ။

၂၀၂၂၊ ဇန်နဝါရီလတုန်းက Yang Zi ဟာ Lay Zhang နဲ့အတူ လေကြောင်းနှင့် အာကာသဆိုင်ရာ နည်းပညာပိုင်းကို ကျောရိုးယူထားတဲ့ အချစ်ဇာတ်လမ်းသစ် “The North of the Space” မှာ တွဲဖက်ရိုက်ကူးနိုင်ကြောင်း သတင်းတွေထွက်ခဲ့ဖူးတာပါ။

၂၀၂၂၊ ဇူလိုင်လမှာတော့ ဒီဇာတ်လမ်းတွဲရဲ့ အဓိက ဇာတ်လိုက်မင်းသားနေရာမှာ Xiao Zhan ဖြစ်လာနိုင်တယ်လို့ ကောလဟာလတွေ ထွက်ရှိလာခဲ့တာကြောင့် တရုတ်နိုင်ငံမှာတော့ ဒီတွဲဖက်မှုတွေနဲ့ ပတ်သက်ပြီး အုတ်အော်သောင်းနင်း ဖြစ်လို့နေပါတယ်။

Xiao Zhan ဟာ သတင်းထွက်လာသလိုသာ တွဲဖက်ရိုက်ကူးရင်တော့ Yang Zi နဲ့ ဒုတိယအကြိမ်မြောက်ဆုံစည်းမှာ ဖြစ်သလို ဇာတ်လမ်းအကြမ်းဖျဥ်းကလည်း ချိုင်းနားရဲ့ လေကြောင်းနဲ့ အာကာသဆိုင်ရာ နည်းပညာတိုးတက်ဖွံ့ဖြိုးဖို့ လူငယ်ပညာတတ် သုံးဦး ပူးပေါင်းပြီး စွမ်းဆောင်ကြတဲ့ သိပ္ပံဇာတ်လမ်းမျိုးပါပဲ။

“The North of the Space” ကတော့ အခုမှ သရုပ်ဆောင်တွေနဲ့ ဆွေးနွေးဆဲဖြစ်ပြီး ဇာတ်လမ်းနဲ့ ပတ်သတ်လို့ ကောလဟာလတွေပဲ ဆက်တိုက် ထွက်ရှိနေတာပါ။

မင်းသား Xiao Zhan ကိုတော့ ခက်ခဲလေးနက်တဲ့ ဇာတ်ကောင်မျိုးကို သရုပ်ဆောင်ရင်း အရည်အချင်းတွေကို ချပြစေချင်ကြပေမဲ့ တချို့ကလည်း သဘောမကျတာမျိုး ရှိနေပြန်သလို ရိုက်ကူးရေးကလည်း ဒီနှစ်ထဲမှာ စတင်မှာဖြစ်လို့ အတည်ပြုမယ့် သတင်းကို နားစွင့်နေကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *