မင်းသမီး Park Min Young ကို နှင်းဆီပန်းစည်းနဲ့ Surprise လုပ်ခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Rosé

နာမည်ကြီးအမျိုးသမီး Idol တစ်ယောက်ဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် Rosé ဟာဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းသရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်တဲ့ Park Min Young ကို နှင်းဆီပန်းတစ်စည်းပေးပို့ပြီး Surprise လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းကို Park Min Young က သူမရဲ့အင်စတာဂရမ်စတိုရီကနေတစ်ဆင့်အသိပေးဖော်ပြခဲ့တာဖြစ်ပြီး အဆိုပါပုံထဲမှာဆိုရင် Rosé ပေးပို့လိုက်တဲ့ နှင်းဆီပန်းစည်းပုံနဲ့အတူ “ကျွန်မကို ပန်းတွေ ရုတ်တရက်လာပေးခဲ့တဲ့ ROSÉ” ဆိုတဲ့စာကို ရေးသားထားတာတွေ့ရပါတယ်။

Park Min Young ဟာဆိုရင် BLACKPINK အဖွဲ့ကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တုန်းကလည်း ကားမောင်းနေစဉ်အချိန်အတွင်းမှာတောင် BLACKPINK ရဲ့သီချင်းတွေကို သီဆိုပြခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Rosé တစ်ယောက် Park Min Young ကို နှင်းဆီပန်းစည်းလက်ဆောင်ပေးလိုက်တဲ့ သတင်းနဲ့ပတ်သက်လို့တော့ ပရိသတ်တွေက ကျေနပ်ပျော်ရွှင်နေကြပြီး သူမတို့နှစ်ယောက်ရဲ့အကြားက ချစ်စရာကောင်းတဲ့ဆက်ဆံရေးကိုလည်း ဒီထက်ပိုမိုမြင်တွေ့နိုင်ဖို့အတွက် မျှော်လင့်လျက်ရှိနေကြတာကို တွေ့ရပါတယ်။

Source : Park Min Young’s IG
Nemo

Leave a Reply

Your email address will not be published. Required fields are marked *