အသက် ၃၀ ပြည့်မှ ပရိသတ်တွေ အသိအမှတ်ပြုမှုကို စတင်ရရှိခဲ့ကြတဲ့ မင်းသမီးချောနှစ်ယောက်

အသက် ၃၀ ပြည့်မှ ပရိသတ်တွေ အသိအမှတ်ပြုမှုကို စတင်ရရှိခဲ့ကြတဲ့ မင်းသမီးချောနှစ်ယောက်

အသက်အရွယ်တူ ကလေးသရုပ်ဆောင်တွေနဲ့ ပတ်သက်လာရင် အခုဖော်ပြပေးသွားမယ့် လှပပြီး ထူးချွန်တဲ့ မင်းသမီး နှစ်ယောက်စလုံးဟာ တစ်နှစ်တည်းမှာ မွေးဖွားခဲ့ကြတဲ့ မင်းသမီးချောလေးတွေဖြစ်ပြီး သူတို့နှစ်ယောက်ဟာလည်း အသက် ၃၀ မှ ရေပန်းစားလာတာကြောင့် ခေါင်းစဉ်အမျိုးမျိုးနဲ့ ဆွေးနွေးမှုရဲ့ ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။

မင်းသမီးချော Park Eun Bin နဲ့ Lee Se Young တို့ဟာ ကလေးသရုပ်ဆောင်တွေအဖြစ် ပွဲဦးထွက်ခဲ့တဲ့ ၁၉၉၂ ဖွားတွေ ဖြစ်ရုံသာမက ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်များမှာ နှစ်ဦးစလုံးဟာ “My Love Patzzi” နှင့် “Country Princess” တို့မှာ နှစ်ကြိမ်တိတိ တွဲဖက် သရုပ်ဆောင်ခဲ့ကြဖူးပါတယ်။

Park Eun Bin ကတော့ အသက် ၆ နှစ်မှာ ပွဲဦးထွက်ခဲ့တာဖြစ်ပြီး Lee Se Young ကတော့ အသက် ၅ နှစ်အရွယ်မှာ ပွဲဦးထွက်ခဲ့တာပါ။ နှစ်ယောက်စလုံးဟာ ငယ်ငယ်တုန်းက ချစ်စရာကောင်းတဲ့ အလှတွေနဲ့ ပရိသတ်တွေကို အထင်ကြီးစေခဲ့ပြီး သူတို့ရဲ့ သရုပ်ဆောင်မှုစွမ်းရည်တွေကို ပြသခဲ့ကြပါတယ်။

အရွယ်ရောက်လာချိန်မှာလည်း Park Eun Bin ကတော့ ၂၀၁၂ က “Operation Proposal” မှာ အဓိကဇာတ်ဆောင် နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Lee Se Young က အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖို့ အချိန်ပိုကြာခဲ့ကာ ၂၀၁၆ မှာမှ “The Vampire Detective” တွင် ပထမဆုံးအကြိမ် ဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ရတာပါ။

ဒီမင်းသမီးနှစ်ယောက်လုံးဟာ သရုပ်ဆောင်ဖို့ ကြိုးစားရုံတင်မကဘဲ မတူညီတဲ့ ကာရိုက်တာတွေကိုပါ ပုံဖော်နိုင်ဖို့ ကြိုးစားခဲ့ကြရင်း ဇာတ်ရုပ်မျိုးစုံကနေလည်း သူတို့ရဲ့ အခန်းကဏ္ဍတွေမှာ ကောင်းကောင်းသရုပ်ဆောင်နိုင်ခဲ့ပါတယ်။

Park Eun Bin နဲ့ Lee Se Young တို့ဟာ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ အောင်မြင်ကျော်ကြားတဲ့ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမဲ့ လူအများရဲ့အာရုံစိုက်မှုကို ထင်သလောက် မရရှိခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ ကံတရားက သူတို့ဘက်မှာ ရှိနေခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အကုန်မှာ Lee Se Young နဲ့ Park Eun Bin တို့ နှစ်ယောက်လုံးဟာ နန်းတွင်းဇာတ်လမ်းတွဲတွေဖြစ်ကြတဲ့ “The Red Sleeve” နှင့် “The King’s Affection” တို့မှာ အသီးသီး ပါဝင်သရုပ်ဆောင်ခဲ့ကြရပြီး ဒီ drama နှစ်ခုလုံးဟာလည်း အံ့အားသင့်ဖွယ် အဆင့်သတ်မှတ်ချက်များ ရရှိခဲ့သလို ပြည်ပဈေးကွက်များမှာလည်း ရေပန်းစားလာခဲ့ပါတော့တယ်။

၂၀၂၂ ခုနှစ်မှာ ဖန်သားပြင်သို့ “Extraordinary Attorney Woo” နဲ့အတူ ပြန်လည်ရောက်ရှိလာတဲ့ Park Eun Bin ဟာလည်း သူမထဲ့ အကောင်းဆုံး သရုပ်ဆောင်မှုဖြင့် ယခုနှစ် နွေရာသီရဲ့ အကျော်ကြားဆုံး မင်းသမီးတစ်လက် ဖြစ်လာခဲ့ပါတယ်။

Lee Se Young ကလည်း ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာ ပြသတော့မယ့် သူမရဲ့ drama အသစ်မှာ ရှေ့နေတစ်ယောက်အဖြစ် သရုပ်ဆောင်သွားတော့မှာဖြစ်ပြီး KBS2 ရဲ့ “The Law Cafe” ဇာတ်လမ်းတွဲမှာ ထူးဆန်းတဲ့ကိုယ်ရည်ကိုယ်သွေးရှိတဲ့ လှပတဲ့ရှေ့နေတစ်ယောက်အဖြစ် သရုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *