မိခင်ဖြစ်သူကြောင့် အသက် ၅ နှစ်အရွယ်ကတည်းက အကပညာကို စနစ်တကျစတင်သင်ယူခွင့်ရခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Lisa

နာမည်ကြီးထိပ်တန်းအမျိုးသမီး Idol တစ်ယောက်ဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် Lisa ဟာဆိုရင် အခု ဇူလိုင်လ ၁၅ ရက်နေ့တုန်းကထွက်ရှိခဲ့တဲ့ ‘Marie Claire Korea’ ဖက်ရှင်မဂ္ဂဇင်းရဲ့အင်တာဗျူးမှာ Idol တစ်ယောက်ဖြစ်လာဖို့အတွက် သူမ ဖြတ်သန်းခဲ့ရတဲ့ဘ၀တစ်စိတ်တစ်ပိုင်းအကြောင်းကို ဖွင့်ဟပြောပြသွားခဲ့ပါတယ်။

Lisa ရဲ့ပြောပြချက်အရတော့ သူမဟာ ငယ်စဉ်အရွယ်ကတည်းက အဆိုနဲ့ အကကို ဝါသနာထုံသူခဲ့သူတစ်ယောက်ဖြစ်ပြီး ဒီအကြောင်းကို သူမရဲ့မိခင်ဖြစ်သူက သတိထားမိခဲ့ချိန်မှာတော့ သူမကို အကသင်တန်းဆီပို့ပေးကာ အကပညာကို စနစ်တကျနဲ့ စတင်သင်ယူစေခဲ့တယ်လို့ သိရပါတယ်။

အကပညာကို ဒီလိုစတင်သင်ယူခဲ့ရတဲ့အချိန်တုန်းက သူမရဲ့အသက်ဟာ ၅ နှစ်အရွယ်မျှသာရှိသေးတယ်တာဖြစ်ပါတယ်။ ဝါသနာပါရာကို ငယ်စဉ်အရွယ်ကတည်းက သေချာသင်ယူခဲ့ရပေမယ့်လည်း တကယ်တမ်း Idol တစ်ယောက်ဖြစ်ဖို့အတွက် လေ့ကျင့်ခဲ့ရချိန်တွေမှာတော့ ထင်သလောက်မလွယ်ကူခဲ့ဘဲ ပင်ပန်းခက်ခဲခဲ့တယ်လို့လည်း Lisa က အဆိုပါအင်တာဗျူးမှာ ပြောသွားခဲ့တာကိုတွေ့ရပါတယ်။

ဒါပေမယ့်လည်း အတူလေ့ကျင့်ခဲ့ကြရတဲ့ အဖွဲ့ဝင်တွေရဲ့ အရည်အချင်းကို ယုံကြည်တာကြောင့် တစ်နေ့မှာ သူမတို့တွေဟာ Idol အဖြစ် ပွဲထွက်နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ရှိနေခဲ့ပြီး YG Entertainment လစဉ်အကဲဖြတ်စစ်ဆေးမှုတွေမှာလည်း ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

BLACKPINK နဲ့ပွဲထွက်ပြီးနောက် တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိလာခဲ့ချိန်မှာတော့ စိုးရိမ်ပူပန်မှုတွေ အနည်းနဲ့အများရှိခဲ့ပေမယ့် ထပ်ဖန်တလဲလဲလေ့ကျင့်မှုတွေကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်ချက်တွေရှိလာခဲ့ပြီး အဆိုပါတစ်ကိုယ်တော်ပွဲဦးထွက်ရဲ့ အောင်မြင်မှုရလဒ်တွေလည်း ကျေနပ်အားရခဲ့တယ်လို့ ပြောပြသွားခဲ့ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.