‘The Idol’ အမေရိကန်ရုပ်သံစီးရီးရဲ့ Official Trailer မှာပါဝင်လာတဲ့ BLACKPINK အဖွဲ့ဝင် Jennie

BLACKPINK အဖွဲ့ဝင် Jennie တစ်ယောက် အမေရိကန်ရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ “The Idol” မှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရတယ်ဆိုတဲ့သတင်းတွေဟာ ပြီးခဲ့တဲ့လပိုင်းတွေကတည်းကထွက်ရှိခဲ့ပေမယ့် ပရိသတ်တွေကတော့ ဒီသတင်းကို ကောလဟာလသတင်းတစ်ခုအဖြစ်နဲ့ပဲ ထင်မှတ်ထားခဲ့ကြပါတယ်။

ဒါပေမယ့်လည်း အခုဆိုရင်တော့ ဒီကောလဟာသတင်းတွေက မှန်ကန်မှုရှိကြောင်းကို လတ်တလောထွက်ရှိလာတဲ့ HBO Series ‘The Idol’ ရဲ့ စက္ကန့် ၉၀ သာကြာမြင့်တဲ့ Official Trailer မှာတွေ့မြင်နိုင်ပါတယ်။

အဆိုပါ Trailer မှာ Jennie ပါဝင်တဲ့ဇာတ်ကွက်တွေရဲ့ကြာချိန်က စက္ကန့်ပိုင်းမျှသာရှိတယ်ဆိုပေမယ့်လည်း BLACKPINK ပရိသတ်တွေကတော့ သူတို့ချစ်ရတဲ့အနုပညာရှင်တစ်ယောက်ရဲ့ အောင်မြင်မှုတွေအပေါ်မှာ ဝမ်းသာဂုဏ်ယူလျက်ရှိနေကြပါတယ်။

‘The Idol’ အမေရိကန်ရုပ်သံစီးရီးအသစ်ကိုတော့ The Weeknd, Reza Fahim နဲ့ Sam Levinson တို့က ဖန်တီးထားကြတာဖြစ်ပြီး HBO ကနေထုတ်လွှင့်ပြသသွားမှာဖြစ်ကာ ဇာတ်လမ်းပုံစံကတော့ တေးဂီတလောကကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *