‘Extraordinary Attorney Woo’ မှာပါဝင်သရုပ်ဆောင်ပြီးနောက် ယခင်ကထက်ပိုမိုလူသိများအောင်မြင်လာတဲ့ Kang Tae Oh

လတ်တလောထုတ်လွှင့်ပြသနေတဲ့ ‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲဟာဆိုရင် တောင်ကိုရီးယားနိုင်ငံအတွင်းမှာသာမက နိုင်ငံတကာမှာပါ လူကြိုက်များအောင်မြင်လျက်ရှိပြီး ဇာတ်ကားထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေဟာလည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိနေကြပါတယ်။

အဲဒီလိုအားပေးခံနေရတဲ့သူတွေထဲမှာ အဓိကဇာတ်ဆောင်မင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ Kang Tae Oh ကလည်းအပါအဝင်ဖြစ်ပါတယ်။ Good Data ဒေတာကုမ္ပဏီရဲ့ စစ်တမ်းကောက်ယူချက်အရဆိုရင် လတ်တလောကိုရီးယားလူမျိုးပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုအများဆုံးရရှိထားတဲ့ သရုပ်ဆောင်တွေရဲ့စာရင်းမှာ Kang Tae Oh က ထိပ်ဆုံးနေရာကနေပါဝင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ‘Extraordinary Attorney Woo’ ထဲမှာ သူနဲ့အတူပါဝင်သရုပ်ဆောင်ထားကြတဲ့ Park Eun Bin, Kang Ki Young နဲ့ Jeon Bae Soo တို့ကလည်း အဆိုပါစစ်တမ်းထဲမှာ ဒုတိယ၊ တတိယ၊ စတုတ္ထနေရာတို့ကနေ အသီးသီးနေရာယူထားနိုင်ကြတာကို တွေ့ရပါတယ်။ Kang Tae Oh ဟာဆိုရင် ၂၀၁၅ ခုနှစ်ကစတင်က အနုပညာလောကထဲကိုဝင်ရောက်ခဲ့တာဖြစ်ပြီး ‘Miss Korea’, ‘My First Love’, ‘Doom at Your Service’ နဲ့ ‘Run On’.တို့လိုမျိုးဇာတ်လမ်းတွဲတွေထဲမှာတော့ဇာတ်ရံအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲကတော့ သူ့အတွက် ပထမဆုံးအကြိမ် ခေါင်းဆောင်မင်းသားနေရာကနေပါဝင်သရုပ်ဆောင်ခွင့်ရခြင်းဖြစ်သလို ပရိသတ်တွေရဲ့စိတ်ဝင်စားမှုအများဆုံးရရှိတဲ့ သရုပ်ဆောင်စာရင်းထဲမှာ နံပါတ် ၁ နေရာရရှိခြင်းကလည်း ဒါဟာ ပထမဆုံးဖြစ်ပါတယ်။

အဆိုပါ ‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲထဲမှာတော့ သူက Woo Young Woo ရဲ့ စီနီယာရှေ့နေ Lee Jun Ho ဇာတ်ကောင်နေရာကပါဝင်သရုပ်ဆောင်ထားပြီး ယင်းဇာတ်ကောင်ဟာဆိုရင် လက်ရှိ နှုတ်ခမ်းနီမလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလျက်ရှိနေတဲ့ ဇာတ်ကောင်တစ်ခုဖြစ်တယ်ဆိုလည်း မမှားပါဘူး။

Ref : GStarLive
Nemo

‘Extraordinary Attorney Woo’ မှာပါဝင်သရုပ်ဆောင်ပြီးနောက် ယခင်ကထက်ပိုမိုလူသိများအောင်မြင်လာတဲ့ Kang Tae Oh

လတ်တလောထုတ်လွှင့်ပြသနေတဲ့ ‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲဟာဆိုရင် တောင်ကိုရီးယားနိုင်ငံအတွင်းမှာသာမက နိုင်ငံတကာမှာပါ လူကြိုက်များအောင်မြင်လျက်ရှိပြီး ဇာတ်ကားထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေဟာလည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိနေကြပါတယ်။

အဲဒီလိုအားပေးခံနေရတဲ့သူတွေထဲမှာ အဓိကဇာတ်ဆောင်မင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ Kang Tae Oh ကလည်းအပါအဝင်ဖြစ်ပါတယ်။ Good Data ဒေတာကုမ္ပဏီရဲ့ စစ်တမ်းကောက်ယူချက်အရဆိုရင် လတ်တလောကိုရီးယားလူမျိုးပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုအများဆုံးရရှိထားတဲ့ သရုပ်ဆောင်တွေရဲ့စာရင်းမှာ Kang Tae Oh က ထိပ်ဆုံးနေရာကနေပါဝင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ‘Extraordinary Attorney Woo’ ထဲမှာ သူနဲ့အတူပါဝင်သရုပ်ဆောင်ထားကြတဲ့ Park Eun Bin, Kang Ki Young နဲ့ Jeon Bae Soo တို့ကလည်း အဆိုပါစစ်တမ်းထဲမှာ ဒုတိယ၊ တတိယ၊ စတုတ္ထနေရာတို့ကနေ အသီးသီးနေရာယူထားနိုင်ကြတာကို တွေ့ရပါတယ်။

Kang Tae Oh ဟာဆိုရင် ၂၀၁၅ ခုနှစ်ကစတင်က အနုပညာလောကထဲကိုဝင်ရောက်ခဲ့တာဖြစ်ပြီး ‘Miss Korea’, ‘My First Love’, ‘Doom at Your Service’ နဲ့ ‘Run On’.တို့လိုမျိုးဇာတ်လမ်းတွဲတွေထဲမှာတော့ဇာတ်ရံအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲကတော့ သူ့အတွက် ပထမဆုံးအကြိမ် ခေါင်းဆောင်မင်းသားနေရာကနေပါဝင်သရုပ်ဆောင်ခွင့်ရခြင်းဖြစ်သလို ပရိသတ်တွေရဲ့စိတ်ဝင်စားမှုအများဆုံးရရှိတဲ့ သရုပ်ဆောင်စာရင်းထဲမှာ နံပါတ် ၁ နေရာရရှိခြင်းကလည်း ဒါဟာ ပထမဆုံးဖြစ်ပါတယ်။

အဆိုပါ ‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲထဲမှာတော့ သူက Woo Young Woo ရဲ့ စီနီယာရှေ့နေ Lee Jun Ho ဇာတ်ကောင်နေရာကပါဝင်သရုပ်ဆောင်ထားပြီး ယင်းဇာတ်ကောင်ဟာဆိုရင် လက်ရှိ နှုတ်ခမ်းနီမလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလျက်ရှိနေတဲ့ ဇာတ်ကောင်တစ်ခုဖြစ်တယ်ဆိုလည်း မမှားပါဘူး။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *