ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ထားတဲ့ ဟင်းလျာပုံတွေကို အင်စတာဂရမ်မှာတင်ပြီး ထုတ်ကြွားခဲ့ပြန်တဲ့ Son Ye Jin

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Son Ye Jin ဟာဆိုရင် သူမ ဘ၀ရဲ့ အရေးကြီးတဲ့အကြောင်းအရာတွေနဲ့ ကြည်နူးပျော်ရွှင်စရာအခိုက်အတန့်တွေအကြောင်းကို သူမ ကိုယ်တိုင်အသုံးပြုတဲ့ အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေကို အရင်ဆုံးအသိပေးမျှဝေပေးလေ့ရှိသူဖြစ်ပါတယ်။

ကိုယ်ဝန်ရှိကြောင်းကြေညာပြီးနောက် လတ်တလောရက်ပိုင်းအတွင်းမှာလည်း သူမဟာ သူမ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ထားတဲ့ ဟင်းလျာတွေရဲ့ပုံတွေကို ပထမဆုံးအကြိမ်အင်စတာဂရမ်စာမျက်နှာပေါ်တင်ပြီး ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ်။

အခုတစ်ခေါက်မှာလည်း နောက်ထပ်တစ်ကြိမ် ဟင်းလျာအသစ်ပုံတွေကို ဇူလိုင်လ ၁၇ ရက်နေ့တုန်းက မျှဝေဖော်ပြပေးခဲ့ပြီး အဆိုပါပို့စ်မှာတော့ သူမက “တနင်္ဂနွေနေ့ညနေခင်းလေးမှာ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြရဲ့လားရှင့် … မနက်ဖြန်ဆိုရင် နောက်တစ်ပတ်စပြန်ပြီနော်”

“ပြီးခဲ့တဲ့တစ်ခေါက်တုန်းကတင်သွားတဲ့ ဟင်းလျာပုံတွေနဲ့ပတ်သက်ပြီး ချီးကျူးမှုတွေအများကြီးရခဲ့လို့ ဒီတစ်ခါလည်း အကောင်းဆုံးကြိုးစားချက်ပြုတ်ပြင်ဆင်ထားတဲ့ ဟင်းလျာပုံတွေကို ရိုက်ကူးထားခဲ့ပါတယ် … ဒါနဲ့ပတ်သက်ပြီး ကျွန်မကိုယ်ကျွန်မတော့ နည်းနည်းဂုဏ်ယူမိပါတယ်” လို့ဆိုကာရေးသားခဲ့တာကို တွေ့ရပါတယ်။

ဒီတစ်ခါရိုက်ကူးထားတဲ့ပုံတွေမှာတော့ ပထမရိုက်ကူးထားတဲ့ပုံတွေနဲ့ကွဲပြားစွာ လူနှစ်ယောက်စာအတွက် ပြင်ဆင်ထားတဲ့ ထမင်းဝိုင်းကိုတွေ့မြင်ရတာကြောင့် အဆိုပါပုံအသစ်တွေဟာဆိုရင် ခင်ပွန်းဖြစ်သူ Hyun Bin နဲ့အတူတူ မစားသောက်ခင်အချိန်မှာ ရိုက်ကူးထားတဲ့ပုံတွေဖြစ်နိုင်တယ်ဆိုတာကို ခန့်မှန်းသိရှိနိုင်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.