ဆိုးရွားတဲ့အဓိပ္ပါယ်ကိုဖော်ဆောင်တဲ့ စာလုံးပေါင်းမှားယွင်းမှုကြောင့် လူအများဆီကနေအာရုံစိုက်ခံနေရတဲ့ BTS အဖွဲ့ဝင် JHope ရဲ့ LED ကြော်ငြာဘုတ်

လတ်တလောတောင်ကိုရီးယားနိုင်ငံအတွင်းမှာ လူအများရဲ့စိတ်ဝင်စားအာရုံစိုက်မှုကိုရရှိနေတဲ့ LED တစ်ခုကတော့ BTS အဖွဲ့ဝင် J-Hope ရဲ့ရုပ်ပုံတွေပါဝင်တဲ့ ပရိုမိုးရှင်းကြော်ငြာဘုတ်တစ်ခုပဲဖြစ်ပါတယ်။ အဆိုပါကြော်ငြာဘုတ်ကို J-Hope ရဲ့ တရုတ် Fanbase ဖြစ်တဲ့ HopeUranus နဲ့ Heimdallr တို့မှပြုလုပ်ပေးထားတာဖြစ်ပြီး ကြော်ငြာဘုတ်တည်ရှိရာနေရာကတော့ ဆိုးလ်မြို့ရှိ COEX မှာဖြစ်တယ်လို့ သိရပါတယ်။
မြင်တွေ့ရသူပရိသတ်တွေအတွက်တော့ ဆိုးလ်မြို့အလယ်ခေါင်မှာရှိတဲ့ ယင်းကြော်ငြာဘုတ်ဟာ ပထမဆုံးအချိန်မှာ ဝမ်းသာပျော်ရွှင်ဂုဏ်ယူရတဲ့ စိတ်ခံစားချက်တွေကိုပေးစွမ်းနိုင်တယ်ဆိုပေမယ့် ဘုတ်မှာပါတဲ့စာလုံးတွေကို သေချာကြည့်လိုက်တဲ့အခါမှာတော့ စိတ်အနှောင့်အယှက်ဖြစ်သွားစေနိုင်တာကို တွေ့ရပါတယ်။
အကြောင်းအရင်းကတော့ ပုံမှာပါဝင်တဲ့အတိုင်း ကြော်ငြာဘုတ်ထဲက စာလုံးပေါင်းမှားယွင်းမှုဟာ ဆိုးရွားတဲ့အဓိပ္ပါယ်ကိုဖော်ဆောင်နေတာကြောင့်ပါပဲ။ ဒါကြောင့် တွေ့ရှိပြီးသူပရိသတ်တွေက ဒီကြော်ငြာဘုတ်ကို ချက်ချင်းဖြုတ်ချပေးဖို့အတွက် တောင်းဆိုထားကြပြီး ဒီလိုမှားယွင်းမှုမျိုးက မဖြစ်သင့်ဘူးလို့လည်း ဝေဖန်မှတ်ချက်ပြုထားကြပါတယ်။
Ref : GStarLive
Nemo