ရုပ်ရှင်ဇာတ်ကားအသစ်မှာ ဆယ်ကျော်သက် အထက်တန်းကျောင်းသူဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်သွားမယ့် Kim Yoo Jung

ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ခေါင်းဆောင်မင်းသမီးတစ်လက်အဖြစ် အောင်မြင်စွာရပ်တည်နေပြီဖြစ်တဲ့ Kim Yoo Jung ဟာဆိုရင် “20th Century Girl” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားအသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရောက်ရှိနေပြီဖြစ်တဲ့ သူမဟာ အဆိုပါရုပ်ရှင်ဇာတ်ကားထဲမှာ ကျောင်းတွင်းအသံလွှင့်ကလပ်မှ အကောင်းမြင်တတ်တဲ့ အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူလေး Bo Ra ဇာတ်ကောင်နေရာကနေပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဇာတ်လမ်းပုံစံကတော့ သာမန်အထက်တန်းကျောင်းသူအရွယ်တွေမှာ တွေ့ကြုံရတတ်တဲ့ အချစ်ဦးနဲ့ သူငယ်ချင်းသံယောဇဉ်အကြောင်းတွေကို ပုံဖော်ရိုက်ကူးမယ့် စိတ်ကူးယဉ်အချစ်ဇာတ်လမ်းဖြစ်ပြီး အဆိုပါဇာတ်ကားကို Netflix ကနေလည်း ပြသသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒီရုပ်ရှင်ကားထဲမှာ Kim Yoo Jung နဲ့အတူ Park Jung Woo, Byeon Woo Seok နဲ့ Roh Yoon Seo တို့ကပါဝင်သရုပ်ဆောင်သွားကြမှာဖြစ်ပြီး ဇာတ်လမ်းကိုတော့ Bang Woo Ri က ဖန်တီးရေးသားထားတာ ဖြစ်ပါတယ်။

Ref : KDramaStars
Nemo

Leave a Reply

Your email address will not be published.