LE SSERAFIM အဖွဲ့ဝင် Kim Garam နဲ့ချုပ်ဆိုထားတဲ့ စာချုပ်ကိုရပ်နားလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်တဲ့ HYBE နဲ့ Source Music

ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာထွက်ရှိလာတဲ့သတင်းတစ်ခုကတော့ LE SSERAFIM ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Kim Garam နဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို အဆုံးသတ်ရပ်နားလိုက်ပြီဖြစ်ကြောင်း HYBE နဲ့ Source Music တို့ဘက်မှ ထုတ်ပြန်ကြေညာလာခဲ့တဲ့သတင်းပါပဲ။

ယင်းထုတ်ပြန်ချက်ထဲမှာတော့ Kim Garam ကို LE SSERAFIM ကနေထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း၊ ကုမ္ပဏီနဲ့သူမတို့အကြားက စာချုပ်ကိုလည်း ရပ်နားလိုက်ပြီဖြစ်ကြောင်း ရေးသားထားတာကိုတွေ့ရပါတယ်။

ဒါကြောင့် LE SSERAFIM အနေနဲ့ ဆက်လက်ပြီး အဖွဲ့ဝင် ၅ ယောက်နဲ့သာ ရပ်တည်လှုပ်ရှားသွားမှာဖြစ်ပြီး ကုမ္ပဏီအနေနဲ့လည်း သူမတို့အဖွဲ့အပေါ်မှာ လစ်ဟာမှုမရှိစေရဘဲ အကောင်းဆုံးပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Kim Garam ဟာဆိုရင် ပွဲထွက်ပြီးလပိုင်းအတွင်းမှာပဲ အဖွဲ့နဲ့အတူလှုပ်ရှားမှုတွေကို ရပ်နားခဲ့ရတာဖြစ်ပြီး ရပ်နားခဲ့ရတဲ့အကြောင်းအရင်းကတော့ ကျောင်းတက်စဉ်အချိန်တုန်းက အတန်းဖော်တွေအပေါ်မှာ အုပ်စုဖွဲ့အနိုင်ကျင့်မှုတွေပြုလုပ်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *