LE SSERAFIM မှ Kim Garam နှုတ်ထွက်သွားနဲ့ပတ်သက်ပြီး အွန်လိုင်းအသုံပြုသူတွေရဲ့ တုံ့ပြန်မှုပုံစံ

LE SSERAFIM ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Kim Garam ဟာဆိုရင် ပွဲဦးထွက်ပြီး လပိုင်းအတွင်းမှာပဲ ကျောင်းတက်စဉ်အချိန်တုန်းက သူမ ပြုမူခဲ့တဲ့လုပ်ရပ်သတင်းတွေ ထွက်ရှိလာခဲ့တာကြောင့် အဖွဲ့နဲ့အတူပြုလုပ်ရမယ့် လှုပ်ရှားမှုတွေကနေ ရပ်နားထားခဲ့ရတာဖြစ်ပါတယ်။
အဲဒီလိုရပ်နားထားခဲ့ရပြီး အချိန်တစ်ခုအကြာမှာတော့ သူမဟာ LE SSERAFIM ကနေနှုတ်ထွက်သွားပြီဖြစ်ကြောင်း၊ သူမနဲ့ ကုမ္ပဏီအကြားမှာရှိတဲ့ စာချုပ်ကိုလည်းရပ်နားလိုက်ပြီဖြစ်ကြောင်းတို့ကို HYBE ဘက်ကနေ ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ အသိပေးကြေညာခဲ့ပါတယ်။
ဒီလိုအသိပေးကြေညာချက်ထွက်လာခဲ့ပြီးနောက်မှာ အွန်လိုင်းအသုံးပြုပရိသတ်တွေအနေနဲ့ အံ့အားသင့်ထိတ်လန့်ခဲ့ကြပေမယ့် အများစုကတော့ အခုလို HYBE နဲ့ Source Music တို့ဘက်က စာချုပ်ဖျက်သိမ်းပစ်လိုက်တာဟာ Kim Garam ပြုမူခဲ့တဲ့လုပ်ရပ်တွေနဲ့နှိုင်းယှဉ်ရင် ဖြစ်သင့်တဲ့အရာတစ်ခုဖြစ်ကြောင်းဆိုထားကြပါတယ်။
ဒါပေမယ့်လည်း Kim Garam ရဲ့အမာခံပရိသတ်အချို့ကတော့ အခုလိုကုမ္ပဏီဘက်က ထုတ်ပယ်လိုက်တာဟာ သူမအတွက် အနားယူဖို့အချိန်လုံလောက်စွာရရှိစေပြီး အချိန်တစ်ခုအကြာမှာ Kim Garam အနေနဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်လုပ်ကိုင်မှာဖြစ်တယ်လို့ မျှော်လင့်ထားတာကိုတွေ့ရပါတယ်။
Kim Garam နဲ့ပတ်သက်ပြီး ထွက်ရှိလာခဲ့တဲ့သတင်းတွေထဲမှာဆိုရင် ကျောင်းတွင်းအုပ်စုဖွဲ့အနိုင်ကျင့်ခဲ့ဖူးတယ်ဆိုတဲ့သတင်းကတော့ သူမရဲ့ကြမ်းတမ်းတဲ့ စရိုက်အစစ်အမှန်ကိုမြင်တွေ့ရနိုင်တယ်လို့ ဆိုထားကြပါတယ်။ ဒါ့အပြင်သူမဟာ အသက်မပြည့်ခင်အရွယ်မှာပဲ ဆေးလိပ်နဲ့ အရက်ကိုသောက်သုံးတတ်တယ်ဆိုတဲ့ သတင်းတွေလည်းထွက်ရှိခဲ့ဖူးပြီး သူမရဲ့နိုင်ထက်စီးနင်းပြုမှုကို ခံစားခဲ့ရတဲ့ အတန်းဖော်တွေက သူတို့ကြုံတွေ့ခဲ့ရတဲ့ Kim Garam ရဲ့ အကြောင်းကို ပြောပြလိုက်ချိန်မှာတော့ ဒီပြဿနာတွေဟာ ပိုမိုကြီးမားလို့လာခဲ့ပါတယ်။
Ref : GStarLive
Nemo