ကင်ဆာရောဂါနဲ့ ဖြတ်သန်းခဲ့ရတဲ့အချိန်တွေအကြောင်းကို ရင်ဖွင့်ခဲ့တဲ့ Kim Woo Bin
ကင်ဆာရောဂါနဲ့ ဖြတ်သန်းခဲ့ရတဲ့အချိန်တွေအကြောင်းကို ရင်ဖွင့်ခဲ့တဲ့ Kim Woo Bin
ချောမောတဲ့ မင်းသား Kim Woo Bin ဟာ ကိုရီးယား ဒရာမာဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမဲ့ ဝမ်းနည်းစရာကောင်းတာက ၂၀၁၇ ခုနှစ်မှာတော့ သူဟာ လည်ချောင်းကင်ဆာရောဂါကို ခံစားခဲ့ရပြီး အနုပညာ အလုပ်တွေအားလုံးကို ရပ်ဆိုင်းခဲ့ရပါတော့တယ်။
Woo Bin တစ်ယောက် ပြန်လည်ကောင်းမွန်လာဖို့ အချိန်ယူခဲ့ရပြီး ၅ နှစ်အကြာ ကင်ဆာရောဂါကို အနိုင်တိုက်ခဲ့ပြီးနောက် ၂၀၂၂ မှာတော့ “Our Blues”, ” Wiretap” နဲ့ “Alienoid“ အစရှိတဲ့ ဒရာမနဲ့ ရုပ်ရှင်များမှာ ပါဝင်သရုပ်ဆောင်ခဲ့ရင်း အနုပညာလောကသို့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။
မကြာသေးမီက Kim Woo Bin ဟာ အင်တာဗျူးတစ်ခုမှာ ပါဝင်ခဲ့ပြီး အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာပြီးနောက် သူ့ရဲ့ဖျားနာမှုတွေနဲ့ ခံစားချက်တွေကို အများအပြားပြောပြခဲ့ပါတယ်။
မင်းသားက အရင်ကထက် ပိုကျန်းမာလာတယ်လို့ ဆိုပါတယ်။ ဒီဒရာမာအသစ်မှာ သူ့ရဲ့ စွမ်းဆောင်မှုက သူ့ကျန်းမာရေးအကြောင်း ပြောပြနိုင်ပါတယ်လို့ ဖွင့်ဟလာခဲ့ရင်း ကင်ဆာရောဂါ ခံစားခဲ့ရတဲ့ နေ့ရက်တွေအကြောင်းကိုလည်း ရင်ဖွင့်လို့သွားခဲ့ပါသေးတယ်။
“အတိတ်ဘဝက အနာဂတ်အတွက် အသက်ရှင်နေထိုင်ခဲ့ပြီး နောင်အနာဂတ်မှာ ချောမောတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ဖို့ ကျင့်ကြံဆုတောင်းခဲ့ပေမဲ့ မကျန်းမာလာတဲ့ အခါမှာလည်း အိပ်ရာပေါ်မှာပဲ လှဲနေရတာ မဟုတ်လား” လို့ Woo Bin က ဆိုပါတယ်။
Woo Bin က သူ့နာမကျန်းဖြစ်စဥ်က နေ့ရက်တွေကို တစ်ရက်ချင်းစီ တန်ဖိုးထားခဲ့ကြောင်းနဲ့ နောင်အနာဂတ်ကိစ္စတွေအတွက် တွေးရင်း သူ့ကိုယ်သူ နာကျင်စေခဲ့တယ်လို့ ဖွင့်ဟလာခဲ့ရင်း ပစ္စုပ္ပန်မှာပဲ ပျော်ပျော်နေထိုင်ရမယ်ဆိုတာ သိလာခဲ့တယ်လို့လည်း ဆိုပါတယ်။
Woo Bin ဟာ ပစ္စုပ္ပန်ရဲ့ မိနစ်တိုင်းကို အသက်ရှင်ပြီး သူ့ဘဝကို ပျော်ရွှင်စေရန်နဲ့ သူ့ပတ်ဝန်းကျင်က လူတွေကို ပိုအာရုံစိုက်တာက စိတ်ဖိစီးမှုတွေ အများကြီး လျော့ပါးသွားစေတယ်လို့ ဆိုပြီး နောက်ဆုံးမှာတော့ သူချစ်တဲ့ဘဝကို ဖြတ်သန်းနိုင်စေမယ့် နည်းလမ်းတွေကိုပဲ လိုက်နာကျင့်သုံးတော့မယ်လို့ ဆိုပါတယ်။