K-pop Idol တွေ သရုပ်ဆောင်ညံ့တယ်ဆိုတဲ့ ယူဆချက်ကိုချိုးဖျက်နိုင်ခဲ့တဲ့အတွက် Junho နဲ့ Yoona ကိုကျေးဇူးတင်ကြောင်းပြောလာတဲ့ Lee Jung Shin

K-pop Idol တွေ သရုပ်ဆောင်ညံ့တယ်ဆိုတဲ့ ယူဆချက်ကိုချိုးဖျက်နိုင်ခဲ့တဲ့အတွက် Junho နဲ့ Yoona ကိုကျေးဇူးတင်ကြောင်းပြောလာတဲ့ Lee Jung Shin

နာမည်ကြီးကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ CNBLUE အဖွဲ့ဝင် Lee Jung Shin ဟာဆိုရင် 2PM အဖွဲ့ဝင် Junho နဲ့ Girls’ Generation အဖွဲ့ဝင် Yoona တို့အနေနဲ့ K-pop Idol တွေက သရုပ်ဆောင်ညံ့တယ်ဆိုတဲ့ ယူဆချက်တွေကို ချိုးဖျက်နိုင်ခဲ့တာကြောင့် ကျေးဇူးတင်ကြောင်းကို “Shooting Stars” ဇာတ်လမ်းတွဲနဲ့ပတ်သက်တဲ့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောသွားခဲ့ပါတယ်။

အဆိုပါအင်တာဗျူးမှာ Lee Jung Shin က သူ့အနေနဲ့ K-pop Idol တစ်ယောက်ဖြစ်ပေမယ့်လည်း သရုပ်ဆောင်အဖြစ်လှုပ်ရှားဖြစ်ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး “အခုအချိန်မှာ CNBLUE က ဟိုးအရင်ကလိုမျိုး အယ်လ်ဘမ်တွေအများကြီးထွက်ပြီး ပရိုမိုးရှင်းမလုပ်နိုင်တော့ပေမယ့် ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ကြပြီး အလုပ်နှစ်ခုကို ညီညီမျှမျှလုပ်ချင်တဲ့စိတ်ကတော့ ကျွန်တော်တို့အဖွဲ့ဝင်တွေမှာအတူတူပဲဗျ”

“အခုဆိုရင် ကျွန်တော်က သရုပ်ဆောင်ပိုင်းမှာ ပိုအားထည့်ထားပြီး ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုတွေကို လူတွေကိုသိစေချင်တယ် … သရုပ်ဆောင်တစ်ယောက်အဖြစ် ပိုပြီးအသိအမှတ်ပြုခံချင်စိတ်တွေ ပြင်းပြနေတယ်ဆိုပါတော့ဗျာ” လို့ဆိုကာပြောသွားခဲ့တာကို တွေ့ရပါတယ်။

အဲဒီနောက်မှာတော့ ဆက်လက်ပြီး “အရင်ကဆိုရင် သရုပ်ဆောင်နယ်ပယ်ထဲကို ကူးပြောင်းလာတဲ့ K-pop Idol တစ်ယောက်ကို အပျက်သဘောမျိုးနဲ့ပြောဆိုယူဆကြတာတွေ ရှိတယ်မလား … ကျွန်တော်ကတော့ အခုလက်ရှိအချိန်မှာ အဲဒါတွေက အရင်တုန်းကလောက် မဆိုးရွားကြတော့ဘူးလို့ထင်တယ် …  ကျွန်တော် တွေ့ရသလောက်တော့ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေချည်းပဲ”

“ဆိုလိုတာက အပျက်သဘောဆောင်တဲ့မှတ်ချက်တွေလည်း အခုထိတော့ရှိနေသေးတယ်ဆိုပေမယ့် ဟိုးအရင်ကလောက် မများတော့သလိုပဲ …. အဲဒါကလည်း သရုပ်ဆောင်ကောင်း၊ မကောင်းဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ် … ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ပြောရတာက နည်းနည်းတော့ ဂရုစိုက်ရတယ်ဗျ … ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလည်း အခုချိန်မှာ သရုပ်ဆောင်တစ်ယောက်ဖြစ်နေပြီဆိုတော့လေ”

“ဒါပေမယ့် အခုလိုကောင်းမွန်တဲ့မှတ်ချက်တွေကိုရရှိတယ်ဆိုတာကလည်း သရုပ်ဆောင်ကောင်းကြတဲ့ Idol တွေရှိနေတဲ့အတွက်ကြောင့်ပါပဲ … သူတို့တွေကပဲ အဲဒီဆိုးဝါးတဲ့အမြင်တွေကို ရိုက်ချိုးပစ်ခဲ့ကြတာပါ …. ဒီလိုအမြင်တွေပြောင်းလဲသွားအောင် ဆောင်ရွက်ပေးခဲ့ကြတဲ့သူတွေထဲမှာတော့ Junho နဲ့ Yoona တို့က အဓိကကျတဲ့နေရာကနေပါဝင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ် … ဒါကြောင့်လည်း သူတို့တွေကို ကျေးဇူးအများကြီးတင်မိပါတယ် …. ” လို့ဆိုကာ Jungshin က K-pop Idol တွေ သရုပ်ဆောင်မကောင်းဘူးဆိုတဲ့ အမြင်တွေ၊ ယူဆချက်တွေကိုပြောင်းလဲပစ်နိုင်ခဲ့တဲ့ Yoona နဲ့ Junho တို့ကို သူ့အနေနဲ့ ကျေးဇူးတင်မိကြောင်းကို ပြောသွားခဲ့တာဖြစ်ပါတယ်။

Ref : SBS Star
Nemo

Leave a Reply

Your email address will not be published.