ချစ်သူရှိလာတဲ့တစ်နေ့ကျရင် လူသိရှင်ကြားအသိပေးချင်တယ်ဆိုတဲ့ Kim Young Dae

ပြီးခဲ့တဲ့လပိုင်းတွေတုန်းကမှ ထုတ်လွှင့်ပြသပြီးစီးသွားခဲ့တဲ့ ‘Shooting Stars’ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ မင်းသား Kim Young Dae ဟာဆိုရင် သူ့အနေနဲ့ ချစ်သူရှိလာတဲ့တစ်နေ့ကျရင် ပရိသတ်တွေကို ဖုံးကွယ်မထားဘဲ လူသိရှင်ကြားအသိပေးသွားမှာဖြစ်ကြောင်းကို အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောပြသွားခဲ့ပါတယ်။

“တကယ်လို့ ကျွန်တော့်မှာသာ ချစ်သူရှိလာခဲ့မယ်ဆိုရင် ကျွန်တော့်အချစ်ရေးကို လူသိရှင်ကြားထုတ်မပြောစရာအကြောင်းမရှိဘူးလို့ ထင်တယ်ဗျ … ဒါမျိုးက ဖုံးကွယ်ထားစရာမှမဟုတ်တာ … အခုဆိုရင် ကျွန်တော်လည်း ဒီလောကထဲကိုရောက်လာခဲ့တာကြာပြီဆိုတော့ ဒီနယ်ပယ်မှာက တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာက ဘယ်လောက်သက်ရောက်တယ်ဆိုတာကို သိလာပြီဆိုပါတော့ဗျာ”

“ဒီတော့ လူတစ်ယောက်ကိုချစ်မိနေကြောင်း ဖွင့်ဟဝန်ခံတော့မယ်ဆိုကတည်းက အစကနေ အဆုံးထိကို စဉ်းစားပြီးမှပဲ ချစ်သူဆိုတာကိုထားဖြစ်မှာပါ … တကယ်လို့ သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ ဒီအချက်တွေကိုပါ ထည့်သွင်းစဉ်းစားနေရပြီဆိုရင် အဲဒီဆက်ဆံရေးက တော်တော်လေးနက်သွားပြီဆိုတာ အသေအချာပဲ …. ဒီတော့ ဒါကြီးကို လျှို့ဝှက်ချက်တစ်ခုလိုမျိုးတော့ ဖုံးကွယ်ထားဖြစ်မယ်မထင်ပါဘူး” လို့ဆိုကာ Kim Young Dae က ပြောသွားခဲ့တာဖြစ်ပါတယ်။

ဖျော်ဖြေရေးနယ်ပယ်ရဲ့ နောက်ကွယ်ကဖြစ်ရပ်တွေအကြောင်းကို ရိုက်ကူးထားတဲ့ ‘Shooting Stars’ ဇာတ်လမ်းတွဲထဲမှာ သူ့ရဲ့ဇာတ်ကောင်ပုံစံကတော့ နာမည်ကြီးသရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်ပြီး ချစ်သူရှိလာတဲ့အခါမှာတော့ လက်တွေ့ဘ၀က အနုပညာရှင်တွေအများစုတွေလိုမျိုး ပရိသတ်တွေကို ဖွင့်ဟဝန်မခံဘဲ ချစ်ရသူကိုအချိန်တစ်ခုကြာတဲ့အထိ ဖုံးကွယ်ထားခဲ့ရတဲ့ပုံစံမျိုးဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.