ငယ်စဉ်အရွယ်တုန်းက ဆံပင်ညှပ်ဖို့အတွက် ပိုက်ဆံမရှိတဲ့အထိတိုင်အောင် ဆင်းရဲခဲ့ဖူးတဲ့ မင်းသမီး Kim Tae Ri

Twenty-Five Twenty-One ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကို အခိုင်အမာရရှိခဲ့သူ မင်းသမီး Kim Tae Ri ဟာဆိုရင် ငယ်စဉ်အရွယ်တုန်းက ပင်ပန်းခက်ခဲတဲ့အချိန်ကာလတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရဖူးသူဖြစ်ပါတယ်။ ဒီအကြောင်းတွေကိုတော့ သူမက အင်တာနက်စာမျက်နှာအထက်မှာ ပျံ့နှံ့လူပြောများခဲ့တဲ့ သူမရဲ့ကလေးဘ၀တုန်းက ပုံရိပ်တစ်ခုနဲ့ပတ်သက်လို့ ပြောပြသွားခဲ့တာကိုတွေ့ရပါတယ်။

ဒီပုံနဲ့ပတ်သက်လို့ Kim Tae Ri က “ဒီပုံကို ကျွန်မ မူလတန်းကျောင်းသူအရွယ် ၄ တန်း၊ ၅ တန်းလောက်က ရိုက်ကူးခဲ့တာထင်တယ် … အဲဒီပုံမရိုက်ခင်တုန်းက အတန်းပိုင်ဆရာမက ကျွန်မကို ဆံပင်တွေရှည်နေလို့ဆိုပြီး ညှပ်ဖို့အတွက်အကြံပေးသေးတယ်ရှင့် … ဒါပေမယ့် အဲဒီအချိန်တုန်းက ဆင်းရဲခဲ့တာဆိုတော့ ဆံပင်မညှပ်တော့ဘဲ ဓာတ်ပုံရိုက်ခဲ့တယ်ဆိုပါတော့ … ဒါကြောင့်လည်း ပုံထဲမှာ သနားကမားရုပ်လေးဖြစ်နေခဲ့တာ”

“ဟိုးအရင်တုန်းကတော့ ဒီပုံကိုရှက်လို့ ဘယ်သူ့ကိုမှမပြရခဲ့ဘူး … ဒါပေမယ့် တစ်နေ့မှာ အတန်းဖော်သူငယ်ချင်းတစ်ယောက်က ဒီပုံကို အင်တာနက်ပေါ်တင်လိုက်တော့ လူတွေက အရမ်းသဘောကျကြတယ်ရှင့် … ကျွန်မကိုယ်တိုင်ကတော့ ဒီပုံထဲမှာ နွမ်းနွမ်းဖတ်ဖတ်နဲ့သနားစရာကောင်းနေလို့ မကြိုက်ဘူးဆိုပေမယ့် လူတွေအတော်များများက ကျွန်မရဲ့အဲဒီပုံစံကို ဇာတ်လမ်းတွေထဲက ဇာတ်ကောင်တစ်ခုနဲ့တူတယ်ဆိုပြီး သဘောကျနေခဲ့ကြတာ … ဒီတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကျွန်မအတွက်က ဒီလိုစကားမျိုးကြားရတာ စိတ်ကျေနပ်စရာပေါ့ရှင်” လို့ဆိုကာ ပြောသွားခဲ့တာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *