မွေးကတည်းကနေ ဒီနေ့အချိန်ထိ ရည်းစားတစ်ခါမှမထားခဲ့ဖူးသလို အိမ်ထောင်ပြုဖို့လည်းစိတ်ကူးမရှိတဲ့ Park Eun Bin

လက်ရှိထုတ်လွှင့်ပြသလျက်ရှိနေတဲ့ “Extraordinary Attorney Woo” ဇာတ်လမ်းတွဲထဲမှာ ခေါင်းဆောင်မင်းသမီးဖြစ်သူ Park Eun Bin ဟာဆိုရင် လတ်တလောမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တစ်ခဲနက်ဆိုသလိုရရှိနေတာကြောင့် သူမနဲ့ပတ်သက်တဲ့သတင်းမှန်သမျှဟာလည်း ပရိသတ်တွေအတွက် စိတ်၀င်စားစရာဖြစ်လို့နေပါတယ်။

ဒီလိုမျိုး သူမနဲ့ပတ်သက်ပြီးစိတ်ဝင်စားနေကြတဲ့ သတင်းတွေထဲမှာဆိုရင် သူမဟာ မွေးကတည်းကနေ ဒီနေ့အချိန်ထိ တစ်ကြိမ်တစ်ခါမျှ ချစ်သူရည်းစား မထားရှိခဲ့ဖူးဘူးဆိုတာကလည်း အပါအဝင်ဖြစ်ပြီး ဒီအကြောင်းကိုတော့ Park Eun Bin က ၂၀၂၀ ခုနှစ်တုန်းက Daily Sports သတင်းဌာနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာဖြေဆိုခဲ့ဖူးတာဖြစ်ပါတယ်။

အသက် ၅ နှစ်အရွယ်ကတည်းက ကလေးအဝတ်အစားကြော်ငြာမော်ဒယ်လ်အဖြစ် အနုပညာလောကထဲကိုစတင်ဝင်ရောက်ခဲ့ရတဲ့ Park Eun Bin ရဲ့ ခေါင်းထဲမှာ အမြဲတမ်းလိုလိုရှိနေခဲ့တဲ့အတွေးက သရုပ်ဆောင်ဖို့အတွက်ပဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ သူမက “ကျွန်မရဲ့တစ်ဘ၀လုံးမှာ အလုပ်ကပဲ အမြဲတမ်းပထမဦးစားပေးနေရာမှာရှိနေခဲ့တာဆိုတော့ အချစ်တာဆိုက ဒီနေ့အထိ ကျွန်မအတွက် လုံး၀စိမ်းသက်တဲ့ကမ္ဘာတစ်ခုပါပဲ” လို့ဆိုပြီး ပြောပြသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အသက် ၃၀ အရွယ်မှာထားရှိတဲ့ သူမရဲ့ အကြီးမားဆုံးရည်မှန်းချက်အစီအစဉ်က ချစ်သူရည်းစားမထားဘဲ ပရိသတ်တွေကိုချပြဖို့အတွက် အလုပ်တွေကိုသာ ကြိုးစားလုပ်ကိုင်သွားဖို့ဖြစ်ကြောင်းကိုလည်း “ကျွန်မရဲ့ကိုယ်ပိုင်အမြင်အရဆိုရင်တော့ ချစ်သူရည်စားထားတာက အောင်မြင်မှုတွေကိုရနိုင်လိမ့်မယ်လို့ မထင်ဘူးရှင့် … အခုထိလည်း အိမ်ထောင်ပြုဖို့အတွက် စိတ်ကူးဆိုတာမရှိသေးဘူး” လို့ဆိုကာ အဆိုပါအင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါသေးတယ်။

Park Eun Bin ဟာ ငယ်စဉ်အရွယ်ကတည်းက အနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့တယ်ဆိုပေမယ့်လည်း ပညာရေးဘက်မှာ လစ်ဟင်းမှုမရှိအောင် အကောင်းဆုံးကြိုးစားခဲ့ကာ နောက်ဆုံးမှာတော့ Sogang University ကို ဝင်ရောက်ခွင့်ရခဲ့ပြီး စိတ်ပညာနဲ့ စာနယ်ဇင်းထုတ်ဝေဖြန့်ချိခြင်းပညာတို့ကို သင်ကြားခဲ့သူဖြစ်ပါတယ်။

Ref : Lovekpop95
Nemo

Leave a Reply

Your email address will not be published.