မင်းသမီးအဖြစ်သာမက အိမ်ခြံမြေလောကမှာပါ အောင်မြင်နေကြောင်းအမြတ်ငွေ ၂.၉ ဘီလီယံဝမ်နဲ့ သက်သေပြခဲ့တဲ့ Song Hye Kyo

ထိပ်တန်းမင်းသမီးချော Song Hye Kyo ဟာ သူမရဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကနေ ကြီးမားတဲ့ အမြတ်အစွန်း ပမာဏကို ရရှိခဲ့ပါတယ်။
နာမည်ကျော် မင်းသမီး Song Hye Kyo ဟာ ဧပြီလမှာ Samseong-dong ရှိ လုံးချင်းအိမ်အား ရောင်းချခဲ့ကြောင်း ကိုရီးယားသတင်းဌာန Biz Korea က ဇူလိုင် ၂၁ ရက်မှာ ဖော်ပြခဲ့တာပါ။
ဆိုက်ရဲ့အဆိုအရ ၂၀၀၅ ခုနှစ်မှာ Song Hye Kyo က Samseong-dong, Hyundai အိမ်ရာဝင်းရှိ လုံးချင်းအိမ်တစ်လုံးကို ၅ ဘီလီယံဝမ်ဖြင့် ဝယ်ယူခဲ့ပြီး ၁၇ နှစ်အကြာ မြေကွက်ကို ကိုင်ဆောင်ထားပြီးနောက် မင်းသမီးဟာ HK Properties ရဲ့ CEO Hwang Jun Seok အား ဝမ် ၇.၉ ဘီလီယံဖြင့် ပြန်လည်ရောင်းချခဲ့ပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်ကပဲ အိမ်ကို ၈.၂ ဘီလီယံဝမ်ဖြင့် စာရင်းသွင်းခဲ့သော်လည်း သဘောတူညီချက် မအောင်မြင်ခဲ့တာကြောင့် ဝမ်သန်း ၃၀၀ လျော့ချခဲ့ရပေမဲ့ ပျမ်းမျှဈေးထက် နိမ့်တဲ့ဈေးနဲ့ ရောင်းချခဲ့ထိတိုင်အောင် Song Hye Kyo ဟာ အမြတ်ငွေ ဝမ် ၂.၉ ဘီလီယံအထိ ရရှိခဲ့ပြီး ဒါဟာ အမေရိကန်ဒေါ်လာ ၂.၂ သန်းကျော်နဲ့ ညီမျှပါတယ်။
အဆိုပါနေအိမ်မှာတော့ Song Hye Kyo ရဲ့မိခင်ဟာ မကြာသေးမီအချိန်အထိ နေထိုင်ခဲ့တာဖြစ်ပြီး ရောင်းချပြီးနောက်မှာတော့ အခြားကို ပြောင်းရွှေ့သွားခဲ့တယ်လို့လည်း သိရပါတယ်။ ဒီအချက်တွေက မင်းသမီး Song Hye Kyo ဟာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတွေမှာလည်း အောင်မြင်နေသူတစ်ယောက်ဆိုတာ သက်သေပြလို့နေပါတယ်နော်။