တစ်ကြိမ်ထက်ပိုပြီး အတူတွဲအလုပ်လုပ်ခဲ့ကြဖူးတဲ့ ကိုရီးယားဒရမ်မာသရုပ်ဆောင်များ

ကိုရီးယားဒရမ်မာလောကမှ သရုပ်ဆောင်တွေအများစုဟာဆိုရင် တစ်ကြိမ်ထက်ပိုပြီး ဇာတ်ကားအတူတွဲဖက်ရိုက်ကူးတယ်ဆိုတာ မရှိသလောက်ရှားပါတယ်။ ဒါပေမယ့်လည်း အခုဖော်ပြပေးမယ့်သရုပ်ဆောင်တွေကတော့ ဇာတ်လမ်းတွဲ ၁ ခုထက်ပိုပြီး အတူတွဲဖက်ရိုက်ကူးကြသူတွေဖြစ်ပြီး သူတို့ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေဟာဆိုရင်လည်း ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့တာကိုတွေ့ရပါတယ်။ သူတို့တွေကတော့ ….

Lee Dong Wook and Yoo In Na

Lee Dong Wook နဲ့ Yoo In Na တို့ကတော့ “Goblin” ဇာတ်လမ်းတွဲမှာပါ၀င်ခဲ့ကြပြီးနောက် ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တဲ့အတွက် “Touch Your Heart” ဇာတ်လမ်းတွဲမှာလည်း အဓိကဇာတ်ဆောင်တွေအဖြစ် တွဲဖက်သရုပ်ဆောင်ခဲ့ကြပါတယ်။

Sung Hoon and Im Soo Hyang

မင်းသား Sung Hoon နဲ့ မင်းသမီး Im Soo Hyang တို့ဟာဆိုရင် တစ်ကြိမ်ထက်ပိုလို့ နှစ်ကြိမ်တောင်မကဘဲ သုံးကြိမ်တိုင်တိုင် အတူတွဲဖက်သရုပ်ဆောင်ခဲ့ဖူးပြီး သူတို့နှစ်ယောက်ပါဝင်ခဲ့ကြတဲ့ ဇာတ်ကားတွေကတော့ “New Tales of Gisaeng”, “Five Enough”နဲ့ “Jane The Virgin” တို့ပဲဖြစ်ပါတယ်။

Kim Soo Hyun and Jun Ji Hyun

ပရိသတ်တွေအများစုကတော့ Kim Soo Hyun နဲ့ Jun Ji Hyun တို့နှစ်ယောက်ဟာ ၂၀၁၃ ခုနှစ်တုန်းကထုတ်လွှင့်ခဲ့တဲ့ “My Love From the Star” ဇာတ်လမ်းတွဲမှာမှ ပထမဆုံးတွေ့ဆုံပြီး အတူအလုပ်တွဲလုပ်ဖူးကြတာလို့ ထင်မှတ်ကောင်းထင်မှတ်ကြမှာပါ။ တကယ်တော့ သူတို့နှစ်ဦးက ၂၀၁၂ ခုနှစ်ကပြသခဲ့တဲ့ “The Thieves” ရုပ်ရှင်ကားမှာကတည်းက တွေ့ဆုံဖူးခဲ့ကြသူတွေဖြစ်ပါတယ်။

Hyun Bin and Son Ye Jin

ကြင်စဦးဇနီးမောင်နှံတွေဖြစ်တဲ့ မင်းသား Hyun Bin နဲ့ မင်းသမီး Son Ye Jin တို့ကတော့ “The Negotiation” ရုပ်ရှင်ဇာတ်ကားမှာ ပထမဆုံးတွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲဒီနောက်မှာတော့ “Crash Landing on You” ဇာတ်လမ်းတွဲနဲ့ ထပ်မံအလုပ်အတူတွဲလုပ်ခွင့်ရခဲ့ကြသူတွေဖြစ်ပါတယ်။

Ref : KDramaStars
Nemo

Leave a Reply

Your email address will not be published. Required fields are marked *