Dawn ဆီက လက်ထပ်ခွင့်တောင်းခံထားရပေမယ့်လည်း အိမ်ထောင်မပြုချင်စိတ်မရှိသေးဘူးဆိုတဲ့ HyunA

ကိုရီးယားဖျော်ဖြေရေးအနုပညာနယ်ပယ်ထဲမှာ အချစ်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းအသိပေးချပြထားတဲ့ HyunA ဟာဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထုတ်လွှင့်သွားခဲ့တဲ့ Radio Star အစီအစဉ်မှာလည်း ချစ်သူ Dawn နဲ့ သူမရဲ့လတ်တလောအချစ်ရေးအခြေအနေအကြောင်းကို ဖွင့်ဟအသိပေးသွားခဲ့ပြန်ပါတယ်။

ပထမဦးစွာ သူမက ပုံမှန်ဆိုရင် တီဗွီအစီအစဉ်တွေမှာပါဝင်ရဖို့အတွက် စိတ်လှုပ်ရှားတတ်ပေမယ့်လည်း အဆိုပါ Radio Star အစီအစဉ်မှာတော့ ချစ်သူ Dawn ပါဝင်ထားတဲ့ အပိုင်းက ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကိုရရှိခဲ့တာကြောင့် သူမကိုယ်တိုင်လည်း အခုလိုမျိုးပါဝင်ဖြစ်ကြောင်းကို ပြောသွားခဲ့တာတွေ့ရပါတယ်။

အဲဒီနောက်မှာတော့ သူမနဲ့အတူပါဝင်တင်ဆက်ကြတဲ့ တခြားဧည့်သည်အနုပညာရှင်တွေက သူတို့တွေရဲ့ အိမ်ထောင်ဘက်တွေအကြောင်းကို ဆွေးနွေးခဲ့ကြပြီး ဒီလိုဆွေးနွေးခဲ့ကြတဲ့အနုပညာရှင်တွေအထဲမှာ မကြာသေးခင်တုန်းကမှ ထရော့ဒ်အဆိုတော် Park Koon နဲ့ လက်ထပ်သွားခဲ့တဲ့ Han Young ကလည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။

Han Young က သူမဟာ သန့်ရှင်းသပ်ရပ်စွာနေထိုင်တတ်သူဖြစ်ပေမယ့်လည်း ခင်ပွန်းဖြစ်သူက သူမနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအခါမှာတော့ HyunA ကလည်း “Dawn ကလည်း အဲဒီလိုမျိုးပဲ …. ဒီအင်္ကျီက နောက်ရက်ကျဝတ်မှာဆိုပြီး ကျွန်မကို မလျှော်ပစ်ဖို့ပြောတယ်လေ … ပြီးတော့ သူ့ရဲ့ခြေအိတ်တွေကိုလည်း အဲဒီအတိုင်းပဲ” လို့ဆိုကာ Han Young ရဲ့စကားကို ထောက်ခံခဲ့ပါတယ်။

ဒါကြောင့် HyunA က သူမအနေနဲ့ လတ်တလောမှာ လက်ထပ်ဖို့အတွက်ကတော့ စိတ်ကူးမရှိသေးကြောင်းကို “ပြီးခဲ့တဲ့လအနည်းငယ်တုန်းက Dawn က ကျွန်မကို လက်ထပ်ခွင့်တောင်းခဲ့တယ်လေ … ဒါပေမယ့် ကျွန်မကတော့ လက်ရှိမှာ အိမ်ထောင်ပြုချင်စိတ်မရှိသေးဘူးရှင့် … ဘာလို့လဲဆိုရင် အခုအချိန်မှာသာ ကျွန်မ အိမ်ထောင်ပြုလိုက်မယ်ဆိုရင် သေချာဂရုစိုက်ရမယ့်ကိစ္စတွေက အများကြီးရှိနေမှာ” လို့ဆိုကာ ပြောသွားခဲ့တာကိုတွေ့ရပါတယ်။

HyunA နဲ့ Dawn တို့ဟာဆိုရင် ၂၀၁၆ ခုနှစ် မေလကတည်းက ချစ်သူတွေအဖြစ်ကိုရောက်ရှိခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့အချစ်ရေးအကြောင်းကိုတော့ ၂၀၁၈ ခုနှစ် ဩဂုတ်လမှာ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းဖွင့်ဟဝန်ခံခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ချစ်သူစုံတွဲရဲ့ ပုံရိပ်တွေကိုရော၊ အချစ်ရေးအခြေအနေတွေကိုပါ လူမှုကွန်ရက်စာမျက်နှာတွေကနေတစ်ဆင့်ချပြလာခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာတော့ စေ့စပ်လိုက်ကြပြီဖြစ်ကြောင်းကို အသိပေးကြေညာခဲ့ကြပါတယ်။

Ref : Allkpop
Nemo

Dawn ဆီက လက်ထပ်ခွင့်တောင်းခံထားရပေမယ့်လည်း အိမ်ထောင်မပြုချင်စိတ်မရှိသေးဘူးဆိုတဲ့ HyunA

ကိုရီးယားဖျော်ဖြေရေးအနုပညာနယ်ပယ်ထဲမှာ အချစ်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းအသိပေးချပြထားတဲ့ HyunA ဟာဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထုတ်လွှင့်သွားခဲ့တဲ့ Radio Star အစီအစဉ်မှာလည်း ချစ်သူ Dawn နဲ့ သူမရဲ့လတ်တလောအချစ်ရေးအခြေအနေအကြောင်းကို ဖွင့်ဟအသိပေးသွားခဲ့ပြန်ပါတယ်။

ပထမဦးစွာ သူမက ပုံမှန်ဆိုရင် တီဗွီအစီအစဉ်တွေမှာပါဝင်ရဖို့အတွက် စိတ်လှုပ်ရှားတတ်ပေမယ့်လည်း အဆိုပါ Radio Star အစီအစဉ်မှာတော့ ချစ်သူ Dawn ပါဝင်ထားတဲ့ အပိုင်းက ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကိုရရှိခဲ့တာကြောင့် သူမကိုယ်တိုင်လည်း အခုလိုမျိုးပါဝင်ဖြစ်ကြောင်းကို ပြောသွားခဲ့တာတွေ့ရပါတယ်။

အဲဒီနောက်မှာတော့ သူမနဲ့အတူပါဝင်တင်ဆက်ကြတဲ့ တခြားဧည့်သည်အနုပညာရှင်တွေက သူတို့တွေရဲ့ အိမ်ထောင်ဘက်တွေအကြောင်းကို ဆွေးနွေးခဲ့ကြပြီး ဒီလိုဆွေးနွေးခဲ့ကြတဲ့အနုပညာရှင်တွေအထဲမှာ မကြာသေးခင်တုန်းကမှ ထရော့ဒ်အဆိုတော် Park Koon နဲ့ လက်ထပ်သွားခဲ့တဲ့ Han Young ကလည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။

Han Young က သူမဟာ သန့်ရှင်းသပ်ရပ်စွာနေထိုင်တတ်သူဖြစ်ပေမယ့်လည်း ခင်ပွန်းဖြစ်သူက သူမနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအခါမှာတော့ HyunA ကလည်း “Dawn ကလည်း အဲဒီလိုမျိုးပဲ …. ဒီအင်္ကျီက နောက်ရက်ကျဝတ်မှာဆိုပြီး ကျွန်မကို မလျှော်ပစ်ဖို့ပြောတယ်လေ … ပြီးတော့ သူ့ရဲ့ခြေအိတ်တွေကိုလည်း အဲဒီအတိုင်းပဲ” လို့ဆိုကာ Han Young ရဲ့စကားကို ထောက်ခံခဲ့ပါတယ်။

ဒါကြောင့် HyunA က သူမအနေနဲ့ လတ်တလောမှာ လက်ထပ်ဖို့အတွက်ကတော့ စိတ်ကူးမရှိသေးကြောင်းကို “ပြီးခဲ့တဲ့လအနည်းငယ်တုန်းက Dawn က ကျွန်မကို လက်ထပ်ခွင့်တောင်းခဲ့တယ်လေ … ဒါပေမယ့် ကျွန်မကတော့ လက်ရှိမှာ အိမ်ထောင်ပြုချင်စိတ်မရှိသေးဘူးရှင့် … ဘာလို့လဲဆိုရင် အခုအချိန်မှာသာ ကျွန်မ အိမ်ထောင်ပြုလိုက်မယ်ဆိုရင် သေချာဂရုစိုက်ရမယ့်ကိစ္စတွေက အများကြီးရှိနေမှာ” လို့ဆိုကာ ပြောသွားခဲ့တာကိုတွေ့ရပါတယ်။

HyunA နဲ့ Dawn တို့ဟာဆိုရင် ၂၀၁၆ ခုနှစ် မေလကတည်းက ချစ်သူတွေအဖြစ်ကိုရောက်ရှိခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့အချစ်ရေးအကြောင်းကိုတော့ ၂၀၁၈ ခုနှစ် ဩဂုတ်လမှာ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းဖွင့်ဟဝန်ခံခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သူတို့ချစ်သူစုံတွဲရဲ့ ပုံရိပ်တွေကိုရော၊ အချစ်ရေးအခြေအနေတွေကိုပါ လူမှုကွန်ရက်စာမျက်နှာတွေကနေတစ်ဆင့်ချပြလာခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာတော့ စေ့စပ်လိုက်ကြပြီဖြစ်ကြောင်းကို အသိပေးကြေညာခဲ့ကြပါတယ်။

Ref : Allkpop
Nemo

Leave a Reply

Your email address will not be published. Required fields are marked *