နိုင်ငံရပ်ခြားကို ခရီးတွေသွားတဲ့အချိန်တိုင်း မိခင်ဖြစ်သူကိုခေါ်သွားချင်တဲ့ BLACKPINK အဖွဲ့ဝင် Lisa ရဲ့ ချစ်စဖွယ်အကြောင်းပြချက်

ကမ္ဘာကျော် K-pop Idol တစ်ယောက်ဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် Lisa ဟာဆိုရင် ဘ၀ရဲ့အောင်မြင်မှုတွေကိုရှာဖွေဖို့အတွက် ရွယ်ကတည်းက အမိမြေဖြစ်တဲ့ ထိုင်းနိုင်ငံကနေထွက်ခွာလာခဲ့ပြီး တိုင်းတစ်ပါးမှာနေထိုင်ကာ လေ့ကျင့်သင်ကြားမှုတွေပြုလုပ်ခဲ့ရသူ ဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ဘ၀ရဲ့အချိန် သုံးပုံ နှစ်ပုံဟာ မိသားစုနဲ့အဝေးမှာနေထိုင်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။

K-pop Idol အဖြစ် ပွဲမထွက်ခင်အချိန်တုန်းကဆိုရင် တစ်နှစ်ကို အနည်းဆုံးတစ်ကြိမ်မျှ ထိုင်းနိုင်ငံဆီပြန်ခွင့်ရခဲ့ပေမယ့်လည်း BLACKPINK အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိလာခဲ့ပြီးနောက်ပိုင်းမှာတော့ မိသားစုနဲ့အချိန်ကုန်ဆုံးခွင့်တွေက ယခင်ကထက်ပိုမိုနည်းပါးလာခဲ့ပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါတွေဖြစ်တဲ့လာအချိန်မှာဆိုရင်လည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သွားရောက်လည်ပတ်ခွင့်တွေ ပိတ်ကုန်တာကြောင့် ၃ နှစ်တာမျှ မိသားစုနဲ့လူချင်းတွေ့ဆုံခွင့်မရခဲ့ဘဲ အွန်လိုင်းကနေတစ်ဆင့်သာ အဆက်အသွယ်တွေပြုလုပ်ခဲ့ရတယ် သိရပါတယ်။

ဒီလိုနဲ့ ၃ နှစ်ကြာပြီးချိန်မှာတော့ မွေးရပ်မြေဖြစ်တဲ့ ထိုင်းနိုင်ငံဆီကိုပြန်ခွင့်ရခဲ့ပြီး ဒီလိုပြန်ရတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ခံစားချက်တွေ၊ မိသားစုနဲ့အတူ ခရီးသွားခဲ့ရတဲ့အချိန်တွေကို လွမ်းဆွတ်မိတဲ့အကြောင်းတွေအပြင် မိခင်ဖြစ်သူနဲ့ခရီးသွားတဲ့အခါမှာရရှိတဲ့  အဆင်ပြေမှုတွေရှိတဲ့ အကြောင်းပြချက်တစ်ခုကိုလည်း Rolling Stone မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောပြခဲ့ဖူးပါတယ်။

“BLACKPINK ရဲ့ World Tour ရှိတဲ့အချိန်တုန်းကဆိုရင် အမေနဲ့အတူတူ ဥရောပဘက်ကို သွားလည်ခဲ့ဖူးပါတယ် …အဲဒီတုန်းက အဝတ်အစား အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းပြင်ဆင်ရတာ တော်တော်အဆင်ပြေခဲ့တာရှင့် … ဘာလို့လဲဆိုတော့ ‘မေမေရေ ဒါလေးကူညီပေးပါဦး’လို့ပြောလိုက်တာနဲ့ အမေက သူ့ဘာသာသူ ကျွန်မရဲ့ပစ္စည်းတွေအကုန်လုံးကို သိမ်းဆည်းထုပ်ပိုးပေးတော့တာ … အဲဒီလိုပဲ ‘မေမေ ဒါလေးတစ်ခုထုတ်ပေးဦးနော်’ လို့ပြောလိုက်ရင်လည်း အကုန်ပြင်ဆင်ပြီးသား ဖြစ်နေရော….အဲဒါတွေကြောင့် အမေနဲ့အတူ ခရီးသွားရတာက အကောင်းဆုံးပဲ” လို့ဆိုကာ ပြောပြခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး Lisa က “ကျွန်မ အမေ့ကို တစ်ခါမေးဖူးတယ်ရှင့် … မေမေရဲ့ မျက်လုံးထဲက သမီးကို ဘယ်အရွယ်လို့မြင်လဲဆိုပြီးတော့ပေါ့ … အဲဒီတော့ အမေပြန်ပြောတာက သူ့မျက်လုံးထဲမှာ ကျွန်မက အမြဲတမ်း ၅ နှစ်သမီးလေးပဲတဲ့” လို့ဆိုကာ မိခင်ဖြစ်သူက သူမကို အမြဲတမ်း အရွယ်မရောက်သေးတဲ့ကလေးတစ်ယောက်လိုပဲ မြင်နေဆဲဖြစ်ကြောင်းဆိုတာကို ပြောသွားခဲ့တာတွေ့ရပါတယ်။

တကယ်တော့ မိမိကိုယ်တိုင်မွေးဖွားထားတဲ့ ရင်သွေးက အသက်အရွယ်ဘယ်လောက်ပဲကြီးရင့်နေပါစေ၊ ကလေးတစ်ယောက်လိုပဲ မြင်ယောင်နေမိတာက တစ်ကမ္ဘာလုံးမှာရှိတဲ့ မိခင်တွေအားလုံးရဲ့ခံစားချက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း Lisa ရဲ့ မေမေက သူမရဲ့ သမီးဖြစ်သူကို ၅ နှစ်အရွယ်ကလေးတစ်ယောက်လိုပဲ မြင်ယောင်နေမိတယ်ဆိုတာက လွန်မယ်မထင်ပါဘူးနော်။

Ref : Koreaboo
Nemo

Leave a Reply

Your email address will not be published. Required fields are marked *