2NE1 အဖွဲ့ ပြိုလဲခဲ့ချိန်က ညတိုင်းနီးပါး ငိုခဲ့ရတယ်လို့ဆိုလာခဲ့တဲ့ Minzy

2NE1 အဖွဲ့ ပြိုလဲခဲ့ချိန်က ညတိုင်းနီးပါး ငိုခဲ့ရတယ်လို့ဆိုလာခဲ့တဲ့ Minzy

2NE1 အဖွဲ့ဟောင်း Minzy ဟာ ၂၀၁၆ ခုနှစ် နှောင်းပိုင်းက အဖွဲ့ ဖျက်သိမ်းခဲ့ရတဲ့ အချိန်တွေအကြောင်းကို ရင်ဖွင့်လို့လာခဲ့ပါတယ်။

Minzy ဟာ အဖွဲ့ဖျက်သိမ်းအပြီး အဖွဲ့မှနေ ထွက်ခွာခဲ့တဲ့ ပထမဆုံး အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တာပါ။ သူမ ထွက်ခွာသွားတဲ့နောက်မှာ ပရိသတ်တွေနဲ့ လူအများက “တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမ” လို့ ဝေဖန်ခဲ့ကြဖူးပြီး Minzy ကိုယ်တိုင်ကလည်း ခက်ခဲတဲ့ အချိန်ကာလတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

Minzy အဖွဲ့ကနေ ထွက်ခွာသွားတဲ့ အကြောင်းရင်းကို 2NE1 အဖွဲ့ဝင်တွေကသာ သိကြပါတယ်။ Minzy ဟာ အဖွဲ့မှထွက်ခွာရခြင်း အကြောင်းအရင်းအတိအကျကို သူမ အလွန်ချစ်တဲ့ အဖွဲ့ဝင်များကိုသာ ထုတ်ဖော်ပြောဆိုခဲ့တာကြောင့်လည်း အဖြစ်မှန် မသိသူ ပရိသတ်တွေရဲ့ အပြစ်ဖို့မှုကို ခံခဲ့ရတာပါ။

Sandara Park နဲ့ ရိုက်ကူးခဲ့တဲ့ “Video Star” video လေးမှာ Minzy က “အဲဒီအချိန်တုန်းက ကျွန်မ စိတ်ဓာတ်ကျပြီး 2NE1 ကို စွန့်ခွာတာက အကောင်းဆုံးဖြေရှင်းချက်ဖြစ်မယ်လို့ ယုံကြည်ခဲ့တာမလို့ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။”

“အဲ့လိုနဲ့ ထွက်ခွာသွားပြီးမှာ လူအများက ကျွန်မကို သစ္စာဖောက်လို့ ခေါ်ခဲ့ကြတယ်။ ကျွန်မကို အပြစ်ပုံချပြီး ဝေဖန်ခဲ့ကြပါတယ်။ အဲ့တုန်းက အသက် ၂၂ နှစ်ပဲ ရှိသေးလို့ ဒါတွေကို ကိုင်တွယ်ဖြေရှင်းဖို့ရာ မတတ်နိုင်ခဲ့ပါဘူး”

“ကျွန်မဘဝရဲ့ အခက်ခဲဆုံးအချိန်တွေလည်းဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကျွန်မ ဒီဝေဖန်မှုတွေကို လျစ်လျူရှုဖို့ စိတ်တည်ငြိမ်မှု ပြန်လည်ရရှိဖို့ လပေါင်းများစွာ အင်တာနက်ကို အသုံးမပြုပဲ နေခဲ့ရပါတယ်။” လို့ Minzy ဟာ ငိုလျက် ပြောပြသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *