အမိုက်စား ပွဲဦးထွက် MV နဲ့ စောင့်ကြည့်သွားရတော့မယ့် HYBE ရဲ့ မိန်းကလေး အဖွဲ့သစ် Newjeans

အမိုက်စား ပွဲဦးထွက် MV နဲ့ စောင့်ကြည့်သွားရတော့မယ့် HYBE ရဲ့ မိန်းကလေး အဖွဲ့သစ် Newjeans

HYBE ရဲ့ Label အခွဲတစ်ခုဖြစ်တဲ့ ADOR ဟာ သူတို့ရဲ့ပထမဆုံး မိန်းကလေးအဖွဲ့သစ်ကို မနေ့က ပွဲဦးထုတ်ပေးလိုက်ပါပြီ။

Girls’ Generation၊ SHINee၊ f(x) နဲ့ EXO တို့လို အဖွဲ့တွေရဲ့ ပဲ့ကိုင်ရှင်ဖြစ်ခဲ့တဲ့ Executive Director Min Hee Jin က ဦးဆောင်ပျိုးထောင်ထားတဲ့ Newjeans မိန်းကလေးအဖွဲ့ဟာ နောက်လ August 1 ရက်နေ့မှာ ပွဲဦးထွက် Album လည်း ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

အဖွဲ့ရဲ့ ထူးခြားတဲ့နာမည်နဲ့ ပတ်သက်လို့ Min Hee Jin က “Pop Music ဆိုတာ နေ့စဥ်ဝတ်ဆင်နေရတဲ့ အဝတ်တွေလိုပဲ လူတိုင်းရဲ့နေ့စဥ်ဘဝနဲ့ နီးစပ်တယ်။”

“Newjeans ဆိုတဲ့ နာမည်က ဒီအဖွဲ့အနေနဲ့ လူတွေဝတ်ဆင်ရတာ ဘယ်တော့မှ ဟောင်းမသွားဘဲ နေ့တိုင်းဝတ်ချင်နေတဲ့ Jeans တွေလိုမျိုး တစ်နေ့မှာ ခေတ်မျိုးဆက်သစ်တွေရဲ့ Icon တစ်ခုဖြစ်လာဖို့ ရည်ရွယ်ထားတဲ့ နာမည်ဖြစ်ပြီး နောက်အဓိပ္ပါယ်တစ်ခုအနေနဲ့ “New Genes” လို့လည်း အဓိပ္ပါယ်ရပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

“Newjeans ကို မိန်းကလေး အဖွဲ့ဝင်ငါးယောက်နဲ့ ဖွဲ့စည်းထားခဲ့ပြီး အဖွဲ့ဝင်တွေအဖြစ် Kim Min Ji (2004 ခုနှစ်ဖွား ကိုရီးယားလူမျိုး), Hani (2004 ခုနှစ်ဖွား ဗီယက်နမ်လူမျိုး), Danielle (2005 ခုနှစ်ဖွား ကိုရီးယား-သြစတြေးလျလူမျိုး), Hae Rin (2006 ခုနှစ်ဖွား ကိုရီးယားလူမျိုး), Lee Hye In (2008 ခုနှစ်ဖွား ကိုရီးယားလူမျိုး) တို့ ပါဝင်ပါတယ်။

Newjeans ရဲ့ Debut Mini-Album မှာတော့ သီချင်း ၄ ပုဒ် ပါဝင်လာမှာဖြစ်ပြီး ၃ ပုဒ်ဟာ Title Track တွေဖြစ်တယ်လို့ သိရပါတယ်။ Title Track တွေဟာ “Attention”၊ “Hype Boy” နဲ့ “Cookie” လို့ အမည်ရပြီး Attention ရဲ့ MV ဟာ မနေ့ကပဲ ထွက်ရှိလာခဲ့ပါတယ်။

Hype Boy အတွက် MV ကတော့ July လ ၂၃ ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်ကာ ပရိတ်သတ်တွေဟာ ထိုနေ့မှာပဲ အဖွဲ့ဝင်တွေရဲ့ အနုပညာနာမည်တွေကိုပါ သိခွင့်ရမှာဖြစ်ပါတယ်။

Cookie အတွက် MV ကတော့ August လ ၁ ရက်နေ့မှာ Album တစ်ခုလုံးနဲ့အတူ ထွက်ရှိလာမှာဖြစ်ပြီး တစ်ပုဒ်တည်းသော B-side Track ဖြစ်တဲ့ “Hurt” ကလည်း July လ ၂၅ ရက်နေ့မှာ MV ထွက်ရှိလာဦးမှာပါ။

HYBE အနေနဲ့လည်း ဒီတစ်ခေါက် မိန်းကလေးအဖွဲ့သစ်အတွက် အတော်လေးအားစိုက်ထားပုံရပြီး အဖွဲ့သစ်ဟာ အတော်လေး စကေးကြမ်းမဲ့သဘောလည်းရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x